Posts

Showing posts from March, 2020

Hi Bye, Mama! (2020) မြန်မာစာတန်းထိုး

Image
Hi Bye Mama (2020) ဗိုလ်ကြီးကားနေရာမှာ လာတဲ့ “သရဲမေမေ” ဇာတ်ကားလေးပါ မမြင်ရတာကြာပြီဖြစ်တဲ့ ကင်ထယ်ဟီးကို ပြန်မြင်ရပါပြီ။ ဇာတ်လမ်းကတော့ ဒီလိုပါ ချာယူရီ ဟာ လွန်ခဲ့တဲ့ ၅ နှစ်က သေဆုံးပြီး သရဲဖြစ်နေခဲ့ပါတယ်။ သူ့ယောကျာ်း ချိုဂန်ဟွာ နဲ့ သမီးလေး ချိုဆောဝူးကို သူ ထားခဲ့ရပါတယ်။ သူ လူပြန်ဖြစ်ဖို့ဆိုရင် ချာယူရီဟာ လူဝင်စားဖို့အတွက် ၄၉ ရက် နေရပါမယ်။ တစ်ချိန်ထဲမှာပဲ ချိုဂန်ဟွာက ရင်ခေါင်းခွဲစိတ်အထူးကုတစ်ယောက် ဖြစ်ပါတယ်။ သူက ကြင်နာတတ်တဲ့လူ ဖြစ်ပြီးတော့ သူ့မိန်းမ ဆုံးပါးသွားကတည်းက သူ့ရဲ့အမူအကျင့်တွေက ပြောင်းလဲသွားခဲ့ပါတယ်။ ၅ နှစ်အကြာမှာတော့ သူ့မိန်းမ ချာယူရီတစ်ယောက် သူ့ရှေ့မှောက်ကို ပြန်ရောက်လာခဲ့ပါတော့တယ်။ သရဲလောကရဲ့ မူဝါဒတွေကို ကြည့်ရမယ့်အပြင် အမေ တစ်ယောက်ရဲ့ကြီးမားတဲ့မေတ္တာကို မျက်ရည်ကျလောက်အောင် ခံစားရမှာပါ။ အပျော်လေးတွေလည်းပါတော့ တသောသော ရယ်ရမယ့် အပြင် မျက်ရည်ကျရလောက်တဲ့ အခန်းတွေလည်း ပါပါတယ်။ ဗိုလ်ကြီးကားလိုပဲ ရယ်တစ်လှည့် ငိုတစ်လှည့်နဲ့ ကြည့်ရဦးမယ့်ကားပါ။ စနေ၊ တနင်္ဂနွေ တိုင်း လက်မလွတ်တမ်း ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲ ပြန်လာပါပြီခင်ဗျာ။ Episode 1 550 mb - DOWNLOAD ...

When The Weather Is Fine (2020) မြန်မာစာတန်းထိုး

Image
Secretary Kim ဇာတ်ကားနဲ့နာမည်ကြီးတဲ့ (Park Min Yaung) ရဲ့ ၂ဝ၂ဝ မှာ ပထမဆုံးထွက်ရှိလာမယ့် Drama ကားလေးပါ။ စာရေးဆရာမ Lee Do-Woo ရဲ့ ရောင်းအားအကောင်းဆုံး ဝတ္ထုရှည်ကို အခြေခံရိုက်ကူးထားတာပါတဲ့။ Mok Hae Won (Park Min Yaung) က Cello (တယောအကြီးတစ်မျိုး) ဆိုတဲ့ တူရိယာကို တီးခတ်ရတာ ဝါသနာပါပြီး Cello ကို ကျွမ်းကျင်စွာတီးခတ်နိုင်သူ ဖြစ်ချင်သူပါ။ ယှဉ်ပြိုင်မှုတွေများပြားပြီး မလိုလားတဲ့ သူစိမ်းတွေဆီက စိတ်ဒဏ်ရာရပြီး ဘယ်သူ့ကိုမှ ယုံကြည်မှုမရှိတော့တဲ့နောက်ပိုင်း မွေးရပ်မြေ Gangwon နယ်မြို့လေးက Book Hyung ရွာကို ပြန်လာခဲ့တော့တယ်။ နှုတ်ခမ်းထူထူလေးနဲ့ စွဲဆောင်မှုရှိတဲ့ Im Eun Seob (Seo Kang Joon) က Book Hyung မှာ Goodnight ဆိုတဲ့ ကိုယ်ပိုင်စာအုပ်ဆိုင်လေးဖွင့်ထားတယ်။ သူ့ရဲ့တစ်နေ့တာက သီချင်းနားထောင်တယ် စာဖတ်တယ် သူ့ဘလော့ဂ်အတွက် ပို့စ်တွေတင်ရင်း ပေါ့ပေါ့ပါးပါးနေထိုင်တတ်သူပေါ့။ WWW:Search Drama မှာ Supporting အနေနဲ့ပါဝင်ခဲ့တဲ့ အသက် ၂ဝ စွန်းစွန်းလေး ပဲရှိသေးတဲ့ Lae Jae Wook (Lee Jang Wooကတော့ Im Eum Seob ရဲ့ သူငယ်ချင်းအနေနဲ့ကော မိဘစကားကို မြေဝယ်မကျနားထောင်တတ်တဲ့ သားလိမ္မာ တစ်ယောက်နေနဲ့အဖြစ် ပါဝင်သွားမှာပ...

Swallow (2019) မြန်မာစာတန်းထိုး

Image
ဒီကား​ဟာ 2019 တုန်းကထွက်သွားတဲ့ဇာတ်ကား​ကောင်းတစ်ခုပါ။ အလွန်ပြီးပြည့်စုံတဲ့ မိသားစုတစ်ခုက တစ်ဦးတည်း​သောသားကို ခင်ပွန်း​တော်ထားရတဲ့ ဟန်တာ ဆိုတဲ့ အိမ်​ထောင်ရှင်အမျိုးသမီးအ​ကြောင်းပါ။ တစ်​နေ့နဲ့တစ်​နေ့ သူမဟာ သူမခင်ပွန်းနဲ့မိသားစုရဲ့ ထိန်းချုပ်မှု​တွေကို ပိုခံစားလာရတာပါ။တစ်​နေ့မှာ သူမဟာ အန္တရာယ်ရှိတဲ့ အရာဝတ္ထု​တွေကို စားသုံးပြီး အဲ့အရာကို စွဲလမ်းသွားခဲ့ပါတယ်။ သူမအ​ကြောင်းသိသွားတဲ့​နောက်မှာ​တော့ သူမခင်ပွန်းနဲ့မိသားစုရဲ့ ထိန်းချုပ်မှု​တွေက ပိုမိုဆိုးရွားလာပါတယ်။အဲ့ ထိန်းချုပ်မှု​တွေက​နေ လွတ်​​မြောက်​အောင် ကြိုးစား​လေ​လေ သူမစွဲလမ်းတပ်မက်မှုကို ပိုမိုလုပ်လာ​​လေ ဖြစ်လာပါတယ်။ အန္တရာယ်ရှိတဲ့ အရာဝတ္ထု​တွေ စားသုံးတာဟာ သူမနဲ့က​လေးအတွက် အန္တရာယ်များတာမို့ သူမကိုအ​စောင့်တစ်​ယောက်နဲ့ထား​ပေးခဲ့ပါတယ်။အကြံ​ပေးပုဂ္ဂိုလ်က​နေတစ်ဆင့် သူမခင်ပွန်းဟာ သူမရဲ့အတိတ်အ​ကြောင်းကို စုံစမ်းခဲ့ပါတယ်။ အစပိုင်းမှာ အထီးကျန်သိမ်ငယ်​နေရာမှ တဖြည်းဖြည်း သူမစွဲလမ်းမှု​တွေနဲ့အတူ စိတ်ဓါတ်ခိုက်မာလာပြီး သူမဘဝကို ဘယ်လိုဖြတ်သန်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် Horror/Thrillerဇာတ်ကား​ကောင်း​​လေးပါ။ Link 800 mb Gdrive ...

Hitman- Agent Jun (2020) မြန်မာစာတန်းထိုး

Image
Hitman: Agent Jun ( 2020 ) =================== ၂၀၂၀ ရဲ့ ကိုရီယား အက်ရှင် အချစ် ဟာသ ကားလေး ကိုတင်ဆက်ပေးလိုက်ပါပြီ။ ကျွန်တော်တို့ရဲ့ မင်းသားဟောင်းကြီး Sang-Woo Kwon ( The Divine Move 2 : The Wrathful, Love Again, Mystey Queen ) ထဲကမင်းသားနဲ့ ဟိုတလောက ဗိုလ်ကြီးကားထဲမှာ ဒိုဟေ ဂျီ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Woo-seul-hye Hwang နဲ့ ကျွန်တော်တို့ရဲ့ ဝိုင်ကီကီ ၁။၂ မှ မင်းသားဂျွန်ကီ (ကင်ချားနာ ကင်ချားနာ ) Yi-Kyeong Lee တို့အပြင်နာမည်ကြီး မင်းသားကြီးတွေနဲ့ တင်ဆက်ထားတဲ့ ဟာသကားပဲပြောရမလား အက်ရှင်ကာပဲပြောရမလား ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်လိုက်ပါတယ်။ ဇာတ်လမ်းလေးမှာတော့…… ငယ်စဉ်အရွယ်ကတည်းက ကာတွန်းဆွဲတာကိုဝါသနာပါခဲ့သော်လည်း စပိုင်လုပ်နေရတဲ့ ဂျွန် တစ်ယောက်.. တစ်နေ့မှာ သူဟာ စပိုင်အလုပ်ကိုစိတ်ကုန်သွားကာ စပိုင်အလုပ်မှာ နှုတ်ထွက်ဖို့ကြိုးစားခဲ့ပြီး ကာတွန်းရေးဆရာတစ်ယောက်ဖြစ်ခဲ့… ၁၅ နှစ်အကြာမှာ သူဟာ မိန်းမနဲ့ ကလေးနဲ့ ရပြီးတော့ ဆင်းရဲစွာရှင်သန်နေထိုင်ရင်း သူဝါသနာပါတဲ့ ကာတွန်းရေးဆရာဖြစ်အောင်လုပ်နေ… သူရဲ့ ကာတွန်းများမှာ အောင်မြင်မှုမရတော့ တစ်နေ့မှာ အရက်သောက်ပြီး သူ့ရဲ့ ကိုယ်ပိုင်ဇာတ်လမ်းကို ကာတွန်းအဖြစ်ပြန်လည်အ...

Memorist (2020) မြန်မာစာတန်းထိုး

Image
Dong Baek (Yoo SeungHo) ဟာ အထက်တန်းကျောင်းသားတစ်ယောက်ဖြစ်ပြီးတော့ တစ်နေ့မှာတော့ သဘာဝလွန်စွမ်းအားတစ်ခုကို ရရှိခဲ့ပါတယ်……. သူ့ရဲ့စွမ်းအားကတော့ လူတစ်ယောက်ရဲ့ခန္ဓာကိုယ်ကိုထိလိုက်တာနဲ့ အဲ့လူရဲ့မှတ်ဥာဏ်ကိုဖတ်နိုင်တဲ့စွမ်းအားပဲဖြစ်ပါတယ် …..တိုက်ရည်ခိုက်ရည်ရှိတဲ့အပြင် ရရှိထားတဲ့စွမ်းအားတွေကိုအသုံးချလေတော့ အထက်မြက်ဆုံးသော စုံထောက်ကောင်းတစ်ယောက်ဖြစ်လာခဲ့ပါတယ်…… တစ်နေ့တော့ ထူးဆန်းတဲ့လူသတ်မှုတစ်ခုဖြစ်တယ်…. သိပ်မကြာခင် မှာပဲနောက်တစ်ယောက်ဆက်သတ်ခံရတယ်….. ဒီအမှုတွေက စုံထောက် Dong Baek (Yoo SeungHo) ကို အတော်ခေါင်းကိုက်စေတယ်လို့ဆိုရမယ်…သဲလွန်စတွေလည်းမကျန်သလို လူသတ်သမားကလည်း ခေါင်းကောင်းတဲ့ ကြေးစားလူသတ်သမားဖြစ်ပုံရတယ်…..ပြီးတော့ ဒီလူသတ်မှုနောက်ကွယ်က ဘယ်လိုအဖွဲ့အစည်းတွေပါမလဲဆိုတာလည်း မသိရသေးဘူး… အဲ့ဒီအမှုတွေကိုလည်း Han Sun Mi (Lee Se Young) ဆိုတဲ့ ခပ်ချောချော အထူးစုံ ထောက်မလေးလည်း လိုက်နေတယ်… Dong Baek (Yoo SeungHo) နဲ့ Han Sun Mi (Lee Se Young) တို့ပေါင်းမိပြီး ဒီ ထူးဆန်းပြီးလူမဆန်တဲ့ကွင်းဆက်လူသတ်မှုကို ဖောက်ထုတ်နိုင်မလား… သူတို့မတားဆီးနိုင်တဲ့အပြင် နောက်ထပ်လူသတ်မှုတွေ ထပ်ပေါ်နိုင်မလား…. လူသတ်သမားကရေ...