Abe (2019)

Abe (2019)
==============================
ဒီတခါမှာတော့ IMDb rating 6.3 အထိရထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါစေ။

ဒီကားလေးကတော့ အေဘီ လို့ခေါ်တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ကားကောင်းလေးပါပဲ။ သာမာန်ကြည့်လိုက်ရင်တော့ အေဘီဟာ အင်စတာဂရမ်မှာ ဟင်းချက်နည်းလေးတွေ တင်ပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ကောင်လေးပေါ့။ တကယ်တော့ အေဘီဟာ မိဘတွေရဲ့ နှစ်ဖက်မိသားစုကြားမှာ လွန်ဆွဲပြီးနေနေရသူပါ။ တစ်ဖက်က အစ္စရေးက ဂျူးမိသားစုဖြစ်ပြီး တစ်ဖက်ကတော့ ပါကစ္စတန်က မွတ်စလင်မိသားစုပါ။ အဲ့လိုမတူညီတဲ့ မိသားစုနှစ်ခုကြားမှာ ကြီးပြင်းလာရတဲ့ အေဘီရဲ့ စိတ်ပင်ပန်းမှုဟာ တော်ရုံတော့ မဟုတ်ခဲ့ပါဘူး။

အမြဲတမ်း အတူတူဆုံလိုက်ပြီ၊ အတူတူ စုစားပြီဆိုတာနဲ့ အမြဲငြင်းခုံနေကြတာပါပဲ။ အဲ့လို ထမင်းဝိုင်းကို အဆင်ပြေအောင် လုပ်ချင်တာက အေဘီရဲ့ အိမ်မက်ပါ။ သူ ဝါသနာပါတဲ့ ချက်ပြုတ်တဲ့ အလုပ်နဲ့ မိသားစုကို ငြိမ်းချမ်းအောင် လုပ်မယ်လို့ စိတ်ကူးထားတာပါ။ မပြည့်စုံသေးတဲ့ သူ့ရဲ့ ပညာကို ဖြည့်ဆည်းဖို့ မတူတဲ့ ဟင်းတွေကို ပေါင်းစပ်ရာမှာ ကျွမ်းကျင်တဲ့ စားဖိုမှူးဆီမှာ ပညာသင်ယူဖို့ စတင်ပါတော့တယ်။ အေဘီရဲ့ အိမ်မက်တွေ ပြည့်မြောက်အောင်မြင်နိုင်ပါ့မလား။ အဘိုးအဘွားတွေရဲ့ အစွဲတွေကိုရော ချွတ်နိုင်ပါ့မလား ဆိုတာ ဆက်လက် ကြည့်ရှုပေးကြပါဦး။ Credit Review
Link (1) 247.23 MB - Download

Link (2) 903.85 MB - Download

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy