Adiós (2019)

Bye (2019)
=======================
ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ Adiós ဆိုတဲ့ Spain ဇာတ်ကားလေးပါ။ ထောင်ကျနေတဲ့ Juan ဟာ ပိတ်ရက်တိုင်းမှာ ထောင်အပြင်ကိုလွတ်လွတ်လပ်လပ် ထွက်ခွင့်ရတိုင်း အပြင်မှာရှိတဲ့ သူ့ဇနီးနဲ့ သူ့သမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိပါတယ်။

ဒါပေမယ့် သူ့သမီးရဲ့ ချီးမြှောက်ပွဲရှိလို့ သူအပြင်ထွက်တဲ့ အပတ်မှာ မထင်မှတ်ထားတာတွေဖြစ်သွားပြီး သမီးလေး သေဆုံးသွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ accident ဖြစ်တဲ့နားမှာ လုယက်မှုတစ်ခုဖြစ်ပြီး အသတ်ခံရမှုလည်းရှိနေပါတယ်။ Juan နဲ့အတူ ရဲတွေဟာ ဒီအမှုရဲ့တရားခံကိုရှာဖွေတုန်း ရုတ်တရက်ကြီး အမှုပိတ်သွားတဲ့အခါ…. မထင်မှတ်ထားတဲ့သူတွေက ပါဝင်ပက်သတ်နေကြောင်း အမှတ်မထင် သိရှိသွားတဲ့အခါ…

သမီးလေးသေဆုံးမှုအတွက် ယူကြံးမရဖြစ်နေတဲ့ Juan တစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? ဘယ်သူတွေက ဘယ်လိုဆက်စပ်နေတာလဲ? ဒီလိုစိတ်ဝင်စားစရာတွေအပြင် မိဘတွေရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုပါ ကြည့်ရှုရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် … Credit Review
Link (1) 338 MB - Download

Link (1) 902 MB - Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy