The Battle: Roar to Victory
The Battle: Roar to Victory
ကိုရီးယားသမိုင်းမှာ အမြဲအမှတ်ရနေရမယ့် အတောက်ပဆုံး အချိန်ကိုပြောပါဆိုရင် လွတ်လပ်ရေးအတွက် ဂျပန်ကိုလိုနီတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ပဲဖြစ်ပါတယ်… ဒီကားလေးကလည်း ထိုကာလကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်
ကိုရီးယားသမိုင်းမှာ အမြဲအမှတ်ရနေရမယ့် အတောက်ပဆုံး အချိန်ကိုပြောပါဆိုရင် လွတ်လပ်ရေးအတွက် ဂျပန်ကိုလိုနီတွေကို တိုက်ထုတ်နိုင်ခဲ့တဲ့ အချိန်ပဲဖြစ်ပါတယ်… ဒီကားလေးကလည်း ထိုကာလကို ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်
အဓိက သရုပ်ဆောင်တွေအဖြစ်
နာမည်ကြီးမင်းသားတွေဖြစ်ကြတဲ့ Jang-ha အဖြစ် (Ryu Jun-yeol), Hae-cheol အဖြစ် (Yoo
Hae-jin) နဲ့ Byeong-gu အဖြစ် (Jo Woo-jin)တို့က ပါဝင်တင်ဆက်ထားပါတယ်…
နယ်မြေကို သိမ်းတဲ့အပြင်
ကိုရီးယားပြည်သူတွေကိုပါ မတရားညှင်းပန်းနှိပ်စက်နေတဲ့ ဂျပန်ကိုလိုနီတွေကို
တိုက်ထုတ်ဖို့ အတွက် လူတန်းစား အလွှာအစုံက ပြည်သူတွေဟာ လွတ်လပ်ရေးတိုက်ပွဲဝင်
သူရဲကောင်းတွေဖြစ်လာခဲ့ပါတယ် … အဲ့ထဲမှာမှ ဂျပန်ကိုလိုနီတွေရဲ့
မတရားညှင်းပန်းမှုကို မခံနိုင်တော့ပဲ ရွာတစ်စုက ပြည်သူတွေက
တော်လှန်ပုန်ကန်ခဲ့ကြပါတယ်… ထိုသို့ တော်လှန်ရာမှာ စနိုက်ပါပစ်ရာမှာ
ကျွမ်းကျင်တဲ့ လီဂျန်ဟာဆိုတဲ့ အငယ်တန်း တပ်မှူးလေးရယ်၊ ဓားရေးမှာ
အလွန်ကျွမ်းကျင်တဲ့ ဟီးချူးရယ်၊ ဓားမြအဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့တဲ့
ြေဗာင်ဂူရယ်က တိုက်ပွဲဝင်ရာမှာ အရေးပါတဲ့ခေါင်းဆောင်တွေဖြစ်လာခဲ့ပါတယ်…
လက်တစ်ဆုပ်စာလောက်ပဲရှိတဲ့ ကိုရီးယားလွတ်လပ်ရေးတိုက်ပွဲဝင်ပြည်သူတွေက
ဂျပန်ကိုလိုနီတေရဲ့ ပင်မတပ်ရင်းကြီးကို ဖြိုခွင်းနိုင်ပါ့မလား
သူတို့အောင်မြင်သွားရဲ့လား…ဒါမှမဟုတ် လက်နက်ကျ အညံ့ခံခဲ့ရလား… ဆိုတာတွေကို
ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု့ရမာပဲဖြစ်ပါတယ်
ကြည့်ရှုနေရင်းနဲ့
ရက်စက်ကြမ်းကြုတ်တဲ့ ဂျပန်ကိုလိုနီတွေကို မုန်းတီးခြင်း၊ အပြစ်မဲ့
ကိုရီယားပြည်သူတွေကို သနားခြင်းနဲ့ အင်အားမမျှသော်လည်း ဇွဲ လုံးဝမလျှော့ပဲ
နောက်ဆုံးချိန်ထိ နိုင်ငံကို အသက်ပေးကာကွယ်သွားတဲ့ မျိုးချစ်လူငယ်လေးတွေကို
လေးစားခြင်းစတဲ့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားဖြစ်လို့
လက်မလွတ်ပဲ ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ…
Link 900 mb Mediafire HD : Download
Link 900 mb Mediafire HD : Download

Comments
Post a Comment