Homeward (2020)
လွန်ခဲ့တဲ့နှစ်တစ်ထောင်တုန်းက စိန်ကျောက်တုံးကိုပိုင်ဆိုင်ထားပြီးစိတ်တွေကိုထိန်းချုပ်နိုင်တဲ့
မကောင်းဆိုးဝါးအကြီးအကဲက အမြဲတမ်း
နတ်မျိုးနွယ်တွေနဲ့စစ်ဖြစ်ပြီးအနိုင်ကျင့်တတ်ပါတယ်
တစ်နေ့တော့ နတ်မျိုးနွယ်တွေက
ငြိမ်းချမ်းရေးလိုချင်တဲ့မကောင်းဆိုးဝါးတစ်ကောင်နဲ့ပူးပေါင်းပြီး
စိန်တုံးကိုခိုးယူပါတော့တယ် ပြီးတော့အဲ့စိန်တုံးကိုဖျက်ဆီးပြီး
ငြိမ်းချမ်းရေးယူလိုက်ကြပါတယ်
နောက်နှစ်တွေကြာလာတော့ မကောင်းဆိုးဝါးတွေနဲ့ နတ်မျိုးနွယ်တွေက
သက်သက်တစ်မြို့စီနေထိုင်လာရာကနေ နတ်မျိုးနွယ်တွေကသာ
မှော်ပညာတတ်မြောက်ပြီးသာလွန်လာပါတော့တယ်
အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘားလ်ကတော့ မကောင်းဆိုးဝါးဖြစ်ပြီး
သူ့ကိုနတ်မျိုးနွယ်မိသားစုက ငယ်ငယ်ကတည်းကမွေးစားယူပြီး
နတ်မျိုးနွယ်တွေကြားထဲမှာပဲပျိုးထောင်လာတာဖြစ်လို့ သူကသူ့အကိုနတ်မျိုးနွယ်ရဲ့
ဂါထာစာအုပ်ထဲက ဂါထာတွေအကြောင်းအကုန်ကိုသိနေပါတယ်
ပြီးတော့ ဘားလ်က
မကောင်းဆိုးဝါးမြို့တော်ကိုရောက်သွားတဲ့အခါမှာတော့…. ဘားလ်ကဘာလို့အဲ့ကိုရောက်သွားတာလဲ
အဲ့မြို့မှာရော ဘယ်လိုတွေဖြစ်နေသလဲဆိုတာကရော ဆက်လက်ကြည့်ရှုပေးကြပါခင်ဗျာ
Link 210 mb - DOWNLOAD

Comments
Post a Comment