Brahms: The Boy II (2020)


Brahms : The Boy II ( 2020 )
===================================
အရင်နံပါတ် တုန်းကတည်းက စွဲဆောင်မှုရှိခဲ့ပြီး အရမ်းကိုနာမည်ကြီးခဲ့တဲ့ဇာတ်ကားလေးပါ။ နံပါတ် တုန်းကတော့ အရုပ်ကို အစာကျွေးမွေးသလို ကလေးထိန်းတစ်ယောက်နဲ့ ဇာတ်လမ်းကိုဆင်ထားပြီးအခု နံပါတ် မှာတော့ အရုပ်ကိုပဲ ပြန်လည်အခြေခံထားပြန်ပါပြီ။
Katie Holmes ( Batman Begin , Jack & Jill )မင်းသမီး၊ဆုရ ကလေး သရုပ်ဆောင်‌Christopher Convery ( Stranger Things , The Girl In The Spider Web , Gotham ထဲမှာ ပါဝင်ထားတဲ့ မင်းသားလေးဖြစ်ပါတယ်။ Christopher Convery ကိုတော့ ကျွန်တော့ အနေနဲ့ Stranger Thing နဲ့ Gothem မှာကတည်း ကသတိထားမိပေမဲ့ ဒီကားမှာတော့ သူ့ရဲ့သရုပ်ဆောင်ချက်ကို သဘောကျမိတာတော့အမှန်ပါ။
ဇာတ်လမ်းလေးမှာတော့….
မိခင်ဖြစ်သူနဲ့ သားဖြစ်သူနှစ်ဦးတည်း အိမ်မှာရှိနေတုန်းမှာ အိမ်တွင်းမှာ ဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ မိခင်ဖြစ်သူဟာလည်း ထိုဖြစ်ရပ်အပြီးမှာ အရမ်းကို ခြောက်ခြားနေပြီး ညတိုင်းအိပ်မက်ဆိုးတွေမက်နေသလို သားဖြစ်သူမှာလည်း စကားမပြောနိုင်တဲ့အခြေအနေအထိဖြစ်သွားခဲ့ပါတယ်။ သူတို့နှစ်ယောက်စလုံးကို စိတ်အေးချမ်းစေဖို့အတွက် ဖခင်ဖြစ်တဲ့ သူ အိမ်ထောင်ဦးစီးဖြစ်တဲ့သူဟာ ဟယ်ရှိးယားဆိုတဲ့တောရပ်ကလေးကို ခဏတစ်ဖြုတ်လာရောက်နေထိုင်ကြပါတယ်။ သူတို့နှစ်ယောက်လုံးရဲ့ စိတ်မှာ အကြောက်တရားတွေရှိနေသေးတော့ အဆင်ပြေနိုင်မလား….ကိုယ်တိုင်ပဲ ကြည့်ကြပါတော့ ခင်ဗျာ . . 
Link 910 mb Yandex HD : Download


Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy