Buffaloed (2019)
Buffalo မြို့က Peg ဆိုတဲ့ ကောင်မလေးက ငယ်ငယ်တည်းက ပိုက်ဆံ
ရှာဖို့ပဲ စိတ်၀င်စားခဲ့ပြီး ပိုက်ဆံပဲ တစ်စိုက်မက်မက် ရှာတဲ့ ကောင်မလေးပါ ။ ဒီကားမှာ
Buffalo မြို့က ကျွဲနွားတွေ အမေနဲ့ သမီး ကြားက ချစ်ခြင်းတရားတွေ မောင်နှမကြား သံယောဇဉ်တွေ
ရည်းစား ရဲ့ ချစ်ခြင်းတွေ အပြင် ပိုက်ဆံ ရှာဖို့ဆို အမြဲ တက်ကြွနေတတ်တဲ့ ကောင်မလေးကို
တွေ့ရမှာပါ။ ဘဏ်ကို အကြွေးမပေးတဲ့ သူတွေရဲ့ အကြွေး လက်မှတ်တွေကို ဘဏ်က အကြွေးသိမ်းသမားတွေဆီ
ကို ပြန်ရောင်းပါတယ် ။ ဘဏ်ကရလာတဲ့ လက်မှတ်တွေကို အကြွေးသိမ်းသမားတွေက အဲ့ အကြွေးချီးထားတဲ့
သူတွေဆီက မရမက တောင်းပါတယ် ခြိမ်းခြောက်တာတွေရော တရားမ၀င် နည်းလမ်းတွေပါ သုံးပြီး ပိုက်ဆံတောင်းပါတယ်။
အဲ့ချိန်မှာ ပက်ဆိုတဲ့ ကောင်မလေးက ကျွဲ ပြိုင်ပွဲတစ်ခုကို လက်မှတ် အတု ရောင်းပြီး ထောင်ကျသွားပါတယ်ထောင်က
လွတ်လာတော့ သူ့မှာ အကြွေးတွေ တက်နေပြီး သူက အဲ့ အကြွေးသိမ်းသမားနဲ့ ဆက်သွယ်ပါတယ် ၊
သူ့ အကြွေးတွေကို ချေပေးဖို့ အကြွေးသိမ်းသမားကလဲ သူ့ရဲ့ စကားပြောပုံဆိုပုံ တွေကို ကြိုက်ပြီး
သူ့ဆီမှာ အလုပ်ကောင်းကောင်း လုပ်နိုင်ရင် ကော်မရှင်ခတွေပေးဖို့ သဘောတူခဲ့ပါတယ် ၊ ဒါပေမယ့်
ကော်မရှင်ခ ရှင်းချိန်လဲ ရောက်ရော ပက်က သူကသင့်သလောက် မရတဲ့ အတွက် အဲ့အလုပ်ကနေ ထွက်ပြီး
သူ့ဘာသာ အဖွဲ့ သက်သက် ဖွဲ့ပြီး အကြွေးသိမ်းတဲ့ အလုပ်ကို စတင်ပါတယ် ၊ အဲ့ အကြွေးသိမ်း
အဖွဲ့တွေရဲ့ ပြိုင်ဆိုင်မှုတွေကြားမှာ ပက်တို့ ဘယ်လိုလုပ်မလဲ သူလဲ တရားမ၀င် နည်းလမ်းတွေ
သုံးပြီး ရဲတွေ နဲ့ ဇာတ်လမ်း ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ကမယ့် ကားကောင်းလေးပါ ။ Crd
Link 910 mb - DOWNLOAD

Comments
Post a Comment