Chhapaak (2020)
ဇာတ်လမ်းက အက်ဆစ်နဲ့အပက်ခံခဲ့ရတဲ့ မိန်းကလေးတစ်ယောက် သူ့ဘဝကို ဘယ်လိုပြန်လည်တည်ဆောက်ယူသလဲ သူ့လိုမျိုး နောက်ထပ်အတိုက်ခိုက်ခံရနိုင်တဲ့ မိန်းကလေးတွေအတွက် တရားရုံးအဆင့်ဆင့်ကို တက်ပြီး “အက်ဆစ်ရောင်းချမှုကို တားမြစ်ပိတ်ပင်”ဖို့ အယူခံဝင် ၊ အဆိုပြုလွှာတင်ကာ. . .
နောက်ဆုံး ဥပဒေပြစ်ဒါဏ်တစ်ခုအနေနဲ့ ပေါ်ထွန်းလာစေဖို့အထိ ကြိုးစားပုံကို ရိုးရိုးလေး ရိုက်ပြထားတာပါပဲ။
ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်လို့ ပရိတ်သတ်ကို မက်ဆေ့ပေးချင်တဲ့ အချက်တွေကို ဇာတ်ကားအစမှာရော အဆုံးမှာပါ ထည့်ပေးထားပါတယ်။ ရင်ဖိုစရာ ၊ စိတ်လှုပ်ရှားစရာတွေထက်ကို ဆင်ခြင်စရာတွေ ၊ ပြင်ဆင်စရာတွေကို မြင်မိစေပါလိမ့်မယ်။ ဒီဇာတ်ကားကို ရိုက်ဖို့အတွက် မင်းသားရယ်လို့ မယ်မယ်ရရ သုံးမထားပဲ မင်းသမီး Deepika Padukone တစ်ယောက်သာ သုံးထားတာမို့ ၊ ဘတ်ဂျက်လည်း အင်မတန်နည်းပါတယ်။
ဇာတ်ကားရဲ့ တင်ပြချင်တဲ့ ရည်ရွယ်ချက်က ကောင်းမွန်တဲ့အတွက် အိန္ဒိယပြည်နယ်လေးခုမှာ အခွန်ကင်းလွတ်ခွင့်နဲ့ ပြသခွင့်ရခဲ့သလို ဝေဖန်ရေးဆရာတွေကြားမှာလည်း အပြုသဘော ဝေဖန်ချက်တွေ ရခဲ့ပါတယ်။
အညွှန်းအနေနဲ့ ရေးပေးထားတာမျိုး မဟုတ်ပဲ ဘာသာပြန်တစ်ယောက်အနေနဲ့ ရုပ်ရှင်ချစ်သူတစ်ယောက်အနေနဲ့ ရေးသားပေးလိုက်တာမို့ ဖော်ပြချင်တဲ့ အချက်တွေ ၊ ဘာသာပြန်ရာမှာ ဥပဒေဆိုင်ရာအသုံးအနှုန်းတွေနဲ့ ပတ်သက်ပြီး အားနည်းခဲ့ရင် ကြိုတင်တောင်းပန်ထားပါရစေ….။ Crd
Link (1) 451.02 MB - DOWNLOAD
Link (2) 900.07 MB - DOWNLOAD

Comments
Post a Comment