Detective K: Secret of the Living Dead (2018)
ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်လမ်းကတော့ “Detective K: Secret of the living dead”ဆိုတဲ့ ကိုးရီးယား adventure comedy ဇာတ်လမ်းလေးဖြစ်ပါတယ်.. starring အနေနဲ့တော့ “Descendants of the Sun” “Fight for my way”စတဲ့ဇာတ်လမ်းတွေနဲ့ နာမည်ရလာတဲ့ မင်းသမီးချောလေး Kim Ji Won ဖြစ်ပါတယ်.. ဇာတ်အိမ်က သရဲသွေးစုပ်ဖုတ်ကောင်အကြောင်းတည်ထားပြီး လူသတ်မှုသဲလွန်စကို စုံစမ်းရတဲ့ Crime အမျိုးအစားဆိုတော့ ပရိတ်သတ်စိတ်ဝင်စားမယ်လို့ အာမခံပါတယ်..အညွှန်းဖတ်ရှူကြပါဦး…
အညွှန်း- မှောင်မိုက်တဲ့ညတစ်ည လူတစ်ယောက် စာအုပ်တစ်အုပ်ကိုင်ပြီး တောနက်ထဲ ထွက်ပြေးလာပါတယ်… သူ့နောက်လိုက်လာတဲ့ လူတွေကလဲ အများကြီးရယ်… ဒီလူကမြေတူးပြီး အလောင်းတစ်လောင်းဖော်လိုက်တယ်.. ဒီအလောင်းက နှစ်ပေါင်းများစွာကြာပြီမို့ ဆွေးမြေ့ပြီး အရိုးခြောက်ဖြစ်နေပါပြီ..အဲ့လူက သူ့လက်ကို သူကိုယ်တိုင်ဓားနဲ့လှီးပြီး သွေးတွေကို အရိုးခြောက်အလောင်းပေါ်မှာ စီးစေတယ်…ဒီအချိန်မှာပဲ သူ့နောက်ကလိုက်တဲ့သူတွေသူ့ကို မိသွားပါတယ်… သူသတ်ခံလိုက်ရပါပြီ… ဇာတ်လမ်းက အဲ့မှာစတာပါ…သူ့သွေးတွေနဲ့ ထားခဲ့တဲ့ အလောင်းဟာ ရှင်သန်လာပြီး သွေးစုပ်ဖုတ်ကောင်ဖြစ်သွားပါတယ်.. သူဘာလို့ လူတွေကို ဒုက္ခပေးမယ့် သွေးစုပ်ဖုတ်ကောင်တစ်ကောင်ကို အသက်သွင်းရတာလဲ… ဒီအချိန်ကာလမှာပဲ ဂျိုဆောင်းတိုင်းပြည်တွင်းမှာ မင်းမျိုးနွယ်တစ်စုဟာ လျို့ဝှက်ဆန်းကြယ်စွာ သတ်ခံရပါတယ်. သတ်ခံရသူတွေဟာ မသေခင် သွေးစုပ်ဖုတ်ကောင်အရင်ဖြစ်ပြီး မီးနဲ့ရှို့ခံရတာပါ… ဂျိုဆောင်းမှာ ဟိုယခင်က နာမည်ကျော်စုံထောက်တွေရှိပါတယ်..ဒီထဲမှာ ပါဝင်သူတစ်ယောက်က ကင်မင်းဆိုတဲ့ တလွဲကျော်စုံထောက်တစ်ယောက်…ကင်မင်းဟာ မင်းမျိုးနွယ်တွေ သတ်ခံရတဲ့ အကြောင်းအရင်းကို ဖော်ထုတ်မယ့်တာဝန်ရခဲ့ပါတယ်…ကင်မင်းဖော်ထုတ်နေတဲ့အချိန်မှာပဲ သူသွားတဲ့နေရာတိုင်း နောက်ကလိုက်တဲ့ မိန်းကလေးတစ်ယောက်ရှိပါတယ်… ဒီမိန်းကလေးက ခွန်အားကြီးပါတယ်… လှလဲလှတယ်.. သူနဲ့တိုက်မိရင် လူတွေလွင့်ထွက်သွားတယ်…သူကပျံနိုင်တယ်… သူ့ဒဏ်ရာရရင်လဲ အမြန်ပျောက်သွားတယ်.ကင်မင်းထင်တာက ဒီမိန်းကလေးဟာ မင်းမျိုးနွယ်သတ်ခံရမှုနဲ့ ဆက်နွယ်နေတယ်ဆိုတာပါပဲ… မိန်းကလေးရဲ့ ထူးဆန်းတဲ့ပုံစံတွေကို မြင်တဲ့ ကင်မင်းဟာ သွေးစုပ်ဖုတ်ကောင်လေလားလို့ သံသယဝင်ခဲ့ပါတယ်… ထူးဆန်းတဲ့မိန်းကလေးနဲ့ ကင်မင်းဟာ မင်းမျိုးနွယ်ဘာကြောင့် သေရတာလဲ…လူသတ်တရားခံကဘယ်သူလဲ…သေတဲ့သူတွေက ဘာလို့မသေခင် သွေးစုပ်ဖုတ်ကောင်ဖြစ်ပြီး မီးရှို့ခံရတာလဲ…ဘယ်သူကမီးရှို့တာလဲစတဲ့ မေးခွန်းတွေကို ကင်မင်းနဲ့ ထူးဆန်းတဲ့မိန်းကလေးဘယ်လိုဖြေရှင်းသွားမယ်ဆိုတာ ပရိတ်သတ်ကပဲ ဆက်လက်ကြည့်ရှုကြပါဦး…. Credit Review
Link (1) 566.69 MB : Download
Link (2) 1.38 GB : Download
Link (3) 2.40 GB : Download

Comments
Post a Comment