Emma (2020)

Emma (2020)
===============================
ဒီကားလေးကတော့ နာမည်ကြီး စာရေးဆရာမ Jane Austen ရဲ့ နာမည်ကြီး ဂန္တဝင်ဝတ္ထု တစ်ပုဒ်ဖြစ်တဲ့ Emma ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်ပါတယ်။

ဒီကားလေးကတော့ ၁၉၉၀ ခုနှစ်က အင်္ဂလန်နိုင်ငံရဲ့ လူမှုဘဝတွေကို အခြေခံထားတာပဲ ဖြစ်ပါတယ်။ ဇာတ်ဆောင် မင်းသမီးဖြစ်သူ အန်မာဟာ ဖခင်ဖြစ်သူနဲ့ အတူနေထိုင်ပါတယ်။သူမရဲ့ဖခင်ဖြစ်သူကို မခွဲသွားလိုသောစိတ်၊ အိမ်ထောင်ရှင်မတွေရဲ့ ဒုက္ခကို မခံချင်သောစိတ်တွေဖြင့် လက်ထပ်ခြင်းကို ငြင်းဆန်တတ်သူပါ။ လက်ထပ်တာကို စိတ်မဝင်စားပေမဲ့ သူများတွေကို အောင်သွယ်ပေးရတာကို ပျော်ရွှင်တတ်သူပါ။ သူ အောင်သွယ်ပေးတိုင်း အဆင်ပြေတယ်လို့လည်း ယုံကြည်ထားပါတယ်။ သူမကို တစ်နယ်လုံးက အားကျရတဲ့ ဂုဏ်သရေရှိအမျိုးကောင်းသမီးဟု မှတ်ယူထားကြပါတယ်။

စိတ်သ​ဘောထားကောင်းပေမယ့် သူမဟာ အထက်တန်းလွှာ တစ်ယောက်ပီပီ မာနကြီးပြီး အနည်းငယ်ထောင်လွှားတတ်ပါတယ်။ သူတစ်ပါးရဲ့ အချစ်ရေးမှာ ဝင်ပါရင်း သူမကိုယ်တိုင် အချစ်နဲ့ တွေ့လာရပါတယ်။ မာနကြီးလွန်းတဲ့ အန်မာ မော်ကြွားတတ်လွန်းတဲ့ အန်မာ အချစ်စစ်ကို ရှာဖွေနိုင်ပါ့မလား။သူမရဲ့ အချစ်ကရော ဘယ်လောက်ထိလွဲချော်မှုတွေနဲ့ သူမဆီရောက်ရှိလာမလဲ။ သူမရဲ့ အောင်သွယ်ပေးမှုတွေကရော ဘယ်လိုလွဲချော်ဦးမလဲ ကြည့်ရှုခံစားကြရအောင်ပါ။
အချစ်ရော ဟာသပါ ပါနေပေမဲ့ ထိုခေတ်အခါက လူတန်းစားအလွှာမတူမှုတွေ ထိမ်းမြားခြင်းဓလေ့ထုံးစံတွေကိုပါ ရယ်မောဖွယ်၊ လွမ်းမောဖွယ် ခံစားရမှာပါ။

ဒီကားလေးကို ကြည့်ပြီးသွားရင် ကိုယ့်ဘေးမှာ အချိန်တိုင်း ရှိပေးခဲ့တဲ့သူဟာ ဘယ်လောက်တန်ဖိုးကြီးလဲ ခံစားလာရမှာသေချာပါတယ်။ အဲ့တာကြောင့် လက်လွတ်မခံသင့်တဲ့ ဂန္တဝင်ကားလေးဖြစ်ပါတယ်ဆိုတဲ့ အကြောင်း ပြောပြရင်း ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေ။ Crd

Link (1) 910 mb : Download

Link (2) 360 mb : Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy