Escape from Pretoria (2020)
South Africa နိုင်ငံရဲ့ အသားရောင်
ခွဲခြားတဲ့ ခေတ် ဖြစ်တဲ့ 1978 လောက်က ဖြစ်ခဲ့တဲ့ ANC (African National congress)
တက်ကြွလှုပ်ရှားသူ Tim Jekin တယောက် Pretoria အကျဉ်းထောင် ကနေ ထွက်ပြေး
လွတ်မြောက်လာခဲ့တဲ့ အကြောင်းကို Tim ကိုယ်တိုင်ရေးသားထားတဲ့ “Inside Out” (2003)
စာအုပ်ကို Director Francis Anna က လက်ရာမြောက်စွာ ဖန်တီးထားပါတယ်။
ဇာတ်ကောင် Tim Jekin အဖြစ်ကတော့
ကျွန်တော်တို့ရဲ့ Harry Potter မင်းသား Daniel Radcliffe ကသရုပ်ဆောင် ထားပါတယ်။
ဇာတ်လမ်း ကတော့ Tim နဲ့ သူ့သူငယ်ချင်း Stephen Lee တို့ ၂ယောက် က
ထောင်ပေါင်းများစွာသော လက်ကမ်းစာဆောင်များကို leaflet bombs ဖြင့် ဖျန့်ဝေမှုနဲ့
Pretoria ထောင်မှာ ၁၂ နှစ် နဲ့ ၈ နှစ်စီ အသီးသီး ထောင်ကျ ခဲ့ ကြပါတယ်။
သူတို့ ထောင်ထဲရောက်နေစဉ်အတွင်းမှာ
Leonard Fontaine ဆိုသူနဲ့ တွေ့ခဲ့ ကြပါတယ်။ Jekin ရဲ့ ထူးခြားတဲ့ အချက်ကတော့
သော့တွေကို ပုံစံ တူကူးယူပြီး ထောင်တွင်း အလုပ်ရုံမှာ သစ်သားနဲ့ သော့အတုလုပ် ပြီး
ထောင်တံခါးတွေ အဆင့်ဆင့်တွေ အကုန်လုံးအတွက် ကိုပါ စုဆောင်းတာပါ။
သော့ပုံစံတူ စုဆောင်းပုံတွေ
လုပ်ပြီးသား သစ်သားသော့တုတွေ ကို စစ်ဆေးရေးတွေ မမြင်အောင် ဖွတ်ထားရပုံတွေ သော့တု က
တကယ် အလုပ်ဖြစ်မဖြစ်ကို လုံခြုံရေး အလစ်မှာ စမ်းရပုံတွေကို Suspense
ကားကောင်းတကားပီပီ ရင်သတ်ရှုမောဖွယ် တွေ့မြင်ကြရမှာပါ။
ပြီးတော့ နိုင်ငံရေး အယူအစ မတူကြတဲ့
အခါ ထောင်သားအချင်းချင်း သဘောထား ကွဲလွဲမှုတွေက အစပြုပြီး ထောင်တွင်းအခြေအနေ
တွေဟာလဲ တင်းမာလာခဲ့ ပါတယ်။ ဒီလိုနဲ့ပဲ သူတို့ရဲ့ ထောင်ဖောက်မယ့် အကြံအစည်က
အောင်မြင်သွားမှာလား သူတို့တွေအကုန်လွတ်မြောက် သွားကြမှာလား ဆိုတာကတော့ ရင်တမမ
နဲ့တွေ့မြင်ရမှာပါ။ Crd

Comments
Post a Comment