Fantasy Island (2020)

စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။
Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။
ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။
ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။
အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှ လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။
အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။
သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။ ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ
အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။
ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိတ်ထဲက ဆန္ဒကိုသိမြင်နေပြီး ဖြည့်ပေးနိုင်တာကိုပါတွေ့လာရတယ်။ 
Link (1) 450 MB - DOWNLOAD
Link (2) 450 MB - DOWNLOAD
Link (3) 900 MB - DOWNLOAD 
Link (4) 900 MB - DOWNLOAD

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy