Happy Old Year (2019)
Happy Old Year 2019
ဒီအခါမှာတော့ ခပ်ဆွေးဆွေးလေးနဲ့
တွေးတောစဉ်းစားရင်း အောက်မေ့ဖွယ်ရာတွေပြန်တွေးကြည့်နိုင်တဲ့ ဇာတ်ကားလေးနဲ့
မိတ်ဆက်ပေးပါရစေ။
နာမည်ကြီးပြီးသားဇာတ်ကားလေးလည်းဖြစ်ပါတယ် ဒီဇာတ်ကားကို I Fine… Thank
You… Love You, Brother of the Year ကားတွေနဲ့ တော်တော်များများရင်းနှီးတဲ့
မင်းသား Sunny Suwanmethanon နဲ့
Bad Genius မင်းသမီး Chutimon Chuengcharoensukying တို့က အဓိက
ပါဝင်ထားတာဖြစ်ပါတယ်။
Pink ဆိုတဲ့နှလုံးသားမရှိသလိုအေးစက်စက်နိုင်တဲ့ကောင်မလေး သူ့အိမ်ကို
အိမ်ထိုင်ရုံး အဖြစ် ပြန်ပြင်ဖို့အတွက် အိမ်ကိုရှင်းလင်းရေးလုပ်ရာက
အတိတ်ကပတ်သတ်ခဲ့ဖူးတဲ့ သူငယ်ချင်း မိတ်ဆွေ ချစ်သူ တို့ရဲ့
အမှတ်တရတွေကိုပြန်ရှာတွေ့ခဲ့ပါတယ်။
သူမက ဒါတွေကိုလွှင့်ပစ်ဖို့မလုပ်ဘဲ သက်ဆိုင်သူတွေဆီ
ပြန်ပေးဖို့ဆုံးဖြတ်ရင်း အတိတ်နဲ့ဆက်နွယ်ပြီး လက်ရှိအခြေအနေတွေ ကြားမှာ ခံစားချက်တွေရောထွေးလာပုံတွေ၊
သူ့ချစ်သူဟောင်း နဲ့ ပတ်သတ်တဲ့ သူ့ရဲ့အပြစ်ရှိသလိုခံစားချက်တွေ၊
တစ်ကိုယ်ကောင်းသမားလို့ အများကဝိုင်းပြောကြသလိုဖြစ်နေမလား ဒါမှမဟုတ် သူ့ဘဝရဲ့ဆုံးဖြတ်ချက်တွေကမှန်ကန်နေတာလား ဆိုတာမရေရာသေးခင်
သူ့မှာဖြစ်ပေါ်လာတဲ့ ခံစားချက်အစုံကို သူနဲ့အတူ လိုက်ပါခံစားစီးမြောရင်းကြည့်ရှုနိုင်မှာပါ

Comments
Post a Comment