I Still Believe (2020)


I Still Believe (2020)

အခုတစ်ခါတော့ ဒီနှစ်ထဲမှာပဲ ထွက်ရှိထားပြီး Rating 6.4 ရရှိထားတဲ့ Movie ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်ကတော့ တကယ့်ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာပါ။

အမေရိကန်အဆိုတော် တေးရေးဆရာ Jeremy Campနဲ့ သူ့ရဲ့ ပထမဇနီး Mellisa Lynn Henning-Campတို့ ကြုံတွေ့ခဲ့ရတဲ့ ဘဝဇာတ်ကြောင်းကို ကျောရိုးထားပြီး ရိုက်ကူးပုံဖော်ထားပါတယ်။ အချစ်စစ်ဆိုတာမျိုးက တကယ်ရှိပါတယ်။ ကိုယ့်ဆီကို ရောက်မလာသေးတာပဲရှိတာပါ…။ အဲ့ဒီလိုပဲ Jeremy ကသူ့ရဲ့ ကျောင်းနေဖက် Mellisa ကို အချစ်စစ်နဲ့ချစ်မိသွားခဲ့ပါတယ်…။ သူတို့ရဲ့relationshipက ပျော်ရွှင်စရာကောင်းခဲ့ပေမဲ့… တစ်နေ့မှာ မုန်တိုင်းထန်မဲ့ အခြေအနေကိုရောက်လာခဲ့ပါတယ်။

Mellisaဟာ သားအိမ်ကင်ဆာကို ခံစားနေခဲ့ရတာဖြစ်ပြီး သူ သတိထားမိချိန်မှာတော့ ကင်ဆာဟာ အဆင့်သုံး အထိရောက်သွားခဲ့ပါပြီ။ ဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ Jeremyနဲ့ ပျော်ပျော်ရွှင်ရွှင်နေသွားဖို့ သူမရွေးချယ်ခဲ့ပါတယ်…။ တစ်ဖက်ကလည်း ဘုရားသခင်ကို တိုင်တည်ရင်းပေါ့။ ရောဂါဆိုးကြီးကို ကျော်လွှားပြီး အရမ်းချစ်ကြတဲ့ သူတို့နှစ်ယောက် ပျော်ပျော်နေသွားနိုင်ကြပါ့မလား? ဘုရားသခင်ကလည်း သူတို့နှစ်ယောက် ဆန္ဒရှိတဲ့ ဘဝမျိုးနဲ့ နေသွားခွင့်ပြုပါ့မလား? ဒီ movieထဲမှာ ကြည့်ရှုနိုင်ပါပြီ…။
Link 910 mb Yandex HD : Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy