Invisible Life ( 2019 )


Invisible Life ( 2019 )

ဒီပေါ်တူဂီ ကားလေးဟာ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင် ဆုတွေမှာ ဇကာတင်စာရင်း မြောက်များစွာဝင်ခဲ့ပြီး IMDB 8.1 အထိလည်း ရထားတဲ့ဇာတ်ကားလေးတစ်ကားပါ။
ဇာတ်လမ်းရဲ့ ကြောရိုးမှာလည်း အရမ်းကောင်းမွန်ပြီး နောက်ခံတီးလုံးကလည်း အရမ်းကိုဆွဲဆောင်မှုရှိတဲ့ ဇာတ်ကားလေးဖြစ်တာနဲ့အညီ ဇာတ်အနိမ့်အမြင့်ကိုလည်း နောက်ခံတီးလုံးနဲ့ထိန်းကာ ပြသသွားတဲ့ဇာတ်ကားလေးပါ။
18+ ဆန်ဆန် အခန်း တစ်ခန်းနှစ်ခန်းမျှ ပါတာဖြစ်တဲ့အတွက် ကြည့်ရှုသူများအနေနဲ့ သတိထားစေချင်ပါတယ်။

ဇာတ်လမ်းလေးကဆိုရင်ဖြင့်…
ပေါ်တူဂီ အိမ်လေးတစ်အိမ်တွင် ဂိတာ နဲ့ အဲရိ ဆိုတဲ့ ညီအစ်မ နှစ်ယောက် တို့ဟာ သူတို့ရဲ့ မိဘတွေနဲ့ ပျော်ပျော်ရွင်ရွင်နေထိုင်နေပါတယ်။ တစ်နေ့မှာ ဂိတာ ဟာ သင်္ဘောသားတစ်ယောက်နဲ့ ခိုးရာလိုက်ပါသွားပြီး အဲရိ ဆိုတဲ့သူ့ရဲ့ညီမကိုထားခဲ့ပါတော့တယ်။ ဂိတာ ခိုးရာလိုက်သွားပြီး တစ်နှစ်ခန့်အကြာမှာ အဲရိဟာ လည်း လက်ထပ်သွားပြီးဖြစ်ပြီး သူ့ရဲ့ အခက်အခဲကြုံတဲ့အချိန်တိုင်း သူ့ရဲ့အစ်မကို လွမ်းနေပါတော့တယ်။
တစ်နေ့ ဂိတာ ဟာ ကိုယ်ဝန်တစ်ခုနဲ့ အိမ်ကိုပြန်လာတဲ့အချိန်မှာ သူ့ရဲ့အဖေကလက်ခံခြင်းမပြုပဲ အိမ်ကနေနှင်ထုတ်လိုက်ပါတယ်။ ဂိတာဟာ အိမ်ပေါ်မှမဆင်းခင်မှာ အဲရိ ရဲ့နေရပ်လိပ်စာကိုမေးမြန်းတဲ့အချိန်မှာ သူတို့ရဲ့ အဖေဖြစ်သူဟာ အဲရိ ကိုဩစတေးလျရောက်နေပြီလို့ လိမ်လည်ပြောဆိုလိုက်ပါတယ်။ ဒီလိုနဲ့ ဂိတာ တစ်ယောက် ဘဝကိုကြမ်းတမ်းစွာဖြတ်သန်းရင်း အဲရိ ဆီကို စာတွေပို့ပေးနေပါတယ်။

အဲရိရဲ့ဘဝ…. ဂိတာ ရဲ့ဘဝ… အမျိုးသမီးနှစ်ဦးရဲ့ မတူညီတဲ့ဘဝတွေ…ခက်ခဲကြမ်းတမ်းတဲ့ ဘဝတွေ…
နှစ်ဦးသားဟာ တစ်ဦးနဲ့တစ်ဦး လွမ်းဆွပ်နေကြပြီ တစ်ဦးနဲ့ တစ်ဦးလည်း တွေ့ဆုံနိုင်ရန် ကြိုးစားနေပါတယ်… သူတို့ နှစ်ဦးပြန်လည် တွေ့ဆုံရမလား…. သူတို့နှစ်ဦး ရဲ့စိတ်ပိုင်းအခြေအနေတွေ လွမ်းဆွပ်မှုတွေကို ရသများစွာနဲ့မြင်တွေ့ရမှာပါ…. Crd
Link (1) 970 mb : Download

Link (2) 370 mb : Download

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy