Jolly LLB 2 (2017)
၂၀၁၃ တုန်း က ထွက်ရှိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ဥပဒေစနစ်ကို သရော်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဂျက်ဒစ်ရှ်ဝါမစ်ရှရာ (ခေါ်) ဂျော်လီဟာ တဲ့ထိုးပြောတတ်ပြီး ခက်ထန်ကြမ်းတမ်းသူ ဖြစ်ပေ မယ့်လည်း စာနာစိတ်ရှိတဲ့ ရှေ့ နေ တစ်ယောက် ဖြစ်ပါတယ်။ ဂျော်လီဟာ ဘဝကိုရုန်းကန်နေရ သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကူး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကန်ပါမြို့ကနေ နာဝက်ဘ်မြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ငွေလေးကြေးလေးဝင်ဖို့အတွက် ဂျော်လီဟာ အသေးအမွှား အမှုတွေကအစ လိုက်ခဲ့ပြီး ဘဝကို သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဂျော်လီဟာ နှစ်အတော်ကြာကြာ တိုင်အောင် တရားရုံးစြင်္ကံလမ်းမှာပဲ အမှုလိုက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေကနေ ရှေ့နေရုံးခန်း ကနေ အမှုလိုက်ရတဲ့၊ အတောင် အလက်စုံတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ သူလိုချင်နေတဲ့ အခွင့်အလမ်းလေး အစ ပေါ်လာချိန်မှာတော့ ဂျော်လီဟာ အချိန်မဆိုင်းဘဲ အပြည့်အဝအ သုံးချခဲ့ပါတယ်။ အဲဒီအခါမှာ အကြင်နာတရားမရှိတဲ့ ဗဟိုတရား ရုံးရှေ့နေ မာသာနဲ့ အကြီးအကျယ် ထိပ်တိုက်တွေ့ပြီး ရင်ဆိုင် ရပါတော့တယ်။အခက်အခဲတွေကြားက အမှုလိုက်ရင်း ဘဝကိုဖြတ်သန်းနေရတဲ့ ဂျော်လီတစ်ယောက် စိတ်ကူးအိပ်မက်တွေ အကောင်အထည်ဖော်မယ်ကြံကာရှိသေး ဘယ်လိုပြဿနာတွေက စောင့်ကြိုနေမှာလဲ၊ အိန္ဒိယနိုင်ငံရဲ့ ဥပဒေစနစ်ကို ဘယ်လိုဇာတ်ကွက်တွေနဲ့ သရော်ပြီး တင်ဆက်မှာလဲဆိုတာ ကိုယ်တိုင်ကြည့်ပြီး အကဲဖြတ်လိုက်ဦးနော်။ဒီဇာတ်ကားမှာ ဂျက်ဒစ်ရှ်ဝါ မစ်ရှရာ (ဂျော်လီ)အဖြစ် အက်ရှေးကူးမားက အဓိကပါဝင်သရုပ်ဆောင်ထားပြီး ဟူမာကူရက်ရှီ၊ အန်နူးကာပူး၊ ဆာရက်ဘ်ရှူကလာ စတဲ့သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ Credit Review
Link (1) 645.36 MB - Download
Link (2) 1.58 GB - Download
Link (3) 3.80 GB - Download
Link (1) 645.36 MB - Download
Link (2) 1.58 GB - Download
Link (3) 3.80 GB - Download

Comments
Post a Comment