Judy & Punch (2019)

Judy & Punch (2019)
………………………………………….
ပန့်ခ်ျ နဲ့ ဂျူဒီက အရမ်းတော်တဲ့ ရုပ်သေးဆရာဇနီးမောင်နှံပေါ့။ သူတို့ရဲ့ပြပွဲတွေကို လူတွေကနှစ်ခြိုက်ကြတာကြောင့် သူတို့ကိုကမ်းလှမ်းလာဖို့ မျှော်လင့်နေကြတာပေါ့။ သူတို့မှာ ကလေးငယ်လေးတစ်ယောက်လဲရှိပါတယ်၊ ဂျူဒီကကြိုးစားတဲ့လူတစ်ယောက်ဖြစ်ပေမယ့် ပန့်ခ်ျကတော့ ဒီနယ်မြို့လေးက သူ့ရဲ့အရည်အချင်းတွေနဲ့မထိုက်တန်ဘူးလို့ ယူဆတာကြောင့် မြို့ပြတွေမှာ အရင်လိုပြပွဲတွေပြန်လုပ်ဖို့ပဲ စိတ်အားထက်သန်နေပါတယ်။ ပန့်ခ်ျရဲ့ အားနည်းချက်ကတော့ သူကအရက်စွဲနေပြီး အရက်မူးရင် သွေးဆိုးတတ်တာကြောင့် နာမည်ကျပြီး ပင်လယ်ကမ်းနားမြို့လေးကို ပြန်လာခဲ့ရပါတယ်။ ဒါကြောင့် ဂျူဒီကသူ့ကို အရက်ဖြတ်ခိုင်းထားပါတယ် ။

အဲဒီမြို့လေးမှာ ထူးခြားတဲ့ဓလေ့တစ်ခု ရှိပါတယ်။ မြို့ခံတွေက နတ်ဆိုးစုန်းစတဲ့အောက်လမ်းပညာတွေကို အယူသီးပြီး ထူးခြားတဲ့လူတွေတွေ့ရင် ကျောက်တုံးနဲ့ပေါက်သတ်ကြတာပါပဲ။ တစ်နေ့ ပန့်ခ်ျတစ်ယောက် အရက်ပြန်သောက်မိပြီး မထင်မှတ်ထားတဲ့ ပစ်မှုကြီးတစ်ခုကို ကျူးလွန်လိုက်မိတဲ့အခါ … သူကျူးလွန်လိုက်တဲ့ပစ်မှုက တစ်ကယ်ပဲအထမြောက်သွားမလား။ မိမိရဲ့ပြစ်မှုကို ဖုံးကွယ်ဖို့အတွက် အိမ်က အဘိုးအိုဇနီးမောင်နှံကို အပြစ်ပုံချဖို့ အယုံလွယ်တဲ့ ဒေသခံတွေကို ခုတုံးလုပ်ဖို့ကြိုးစားတဲ့ ပန့်ခ်ျရဲ့ယုတ်မာတဲ့အကြံတွေရော အထမြောက်သွားသလား ဆိုတာကို ဒီ Judy and Punch ဆိုတဲ့ရုပ်ရှင်မှာ စောင့်ကြည့်လိုက်ကြ‌ရအောင် …… Crd
Link (1) 910 mb : Download

Link (2) 320 mb : Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy