Midsommar (2019)

သင်မြင်ဖူးနေကျ၊ ကြည့်ဖူးခဲ့သမျှ horror ရုပ်ရှင်တွေကို ခဏမေ့ထားခဲ့ဖို့လိုပါမယ်
Midsommar ကို horror ရုပ်ရှင်တစ်ခုရယ်လို့ခေါင်းစဉ်တပ်ထားပေမဲ့ jump scares လုံးဝမပါခဲ့ဘူး။ ပြောရရင်ညအမှောင်ခန်းတောင် ခဏတဖြုတ်တစ်ခန်းနှစ်ခန်းထက်ပိုမပါခဲ့ဘူး။ လင်းထင်းနေပြီး တကယ်ကိုလှလွန်းတဲ့ Sweden ရွာလေးတစ်ရွာမှာပဲဖြစ်ပျက်သွားတာ။ ဒါဖြင့် ဘာကကြောက်စရာကောင်းတာလဲဆိုရင် ဒီဇာတ်လမ်းဟာကြောက်စရာကောင်းတဲ့ဇာတ်လမ်းမျိုးလားဆိုတာကိုတောင်ကျွန်တော်ပြန်စဉ်းစားရလိမ့်မယ်။
Midsommar ဟာ မနှစ်က Hereditary နဲ့ပွဲထွက်ခဲ့တဲ့ ဒါရိုက်တာ Ari Aster ရဲ့ဒုတိယမြောက်လက်ရာပါ။ Hereditary နဲ့ တူတာတွေရှိသလို မတူတာတွေလဲများတယ်။ တူတာကတော့ slow ဖြစ်တဲ့ဇာတ်လမ်းသွားပုံစံနဲ့ မိသားစုရဲ့ဖြစ်ရပ်ဆိုးတွေကြောင့် trauma ဝင်ထားတဲ့ main character လို့ပြောလို့ရမယ်ထင်တယ်။ သင်ဟာ Hereditary ကိုမကြိုက်ခဲ့ဘူးဆိုရင်ဒီကားကိုလဲသဘောကျမိလိမ့်မယ်မထင်ဘူး။
မြင်ဖူးနေကျရုပ်ရှင်တွေဟာ အရာဝတ္ထုတွေ အသံတွေနဲ့ခြောက်လှန့်တဲ့ပုံစံမျိုးဆိုရင် Midsommar ဟာ လှပလွန်းတဲ့နေရာ၊ ဒေသခံတွေရဲ့ရိုးရာဂီတ၊ ပွဲတော်တွေကြားမှာ မသိခြင်းတွေနဲ့ သံသယတွေကဒီကားမှာခြောက်ခြားစရာအကောင်းဆုံးဖြစ်နေလိမ့်မယ်၊ တစ်ချို့ဇာတ်ဝင်ခန်းတွေမှာတိတ်ဆိတ်နေမှုတွေဟာတော်တော်လေးနေရာယူတယ်။ highlight လုပ်ချီးကျူးရမှာကတော့ မင်းသမီး Florence Pugh ပါပဲ။ သူ့ရဲ့စိတ်ခံစားချက်တွေကဒီကားရဲ့အရေးပါတဲ့နေရာမှာရှိတယ်။ ဒါကိုစကားလုံးတွေအများကြီးမပြောသွားဘဲသူ့မျက်လုံးတွေကနေ သူ့ရဲ့ emotion တွေကိုမြင်နေရတယ်။ Aster ရဲ့ visual storytelling၊ တကယ်ကိုလှလွန်းတဲ့ cinematography တွေနဲ့ပေါင်းစပ်သွားတဲ့အခါ ကြည့်နေတဲ့သူကိုပါဇာတ်ကောင်နဲ့အတူမွန်းကျပ်စေခဲ့တယ်။ ရုပ်ရှင်တစ်ကားရဲ့အဆုံးသတ်ဟာ ဇာတ်လမ်းတစ်ခုရဲ့အဖြေဖြစ်မယ်ဆိုရင် Midsommar ရဲ့ဇာတ်သိမ်းဟာသင့်ကိုမေးခွန်းတွေပဲပိုများစေမှာပါ။
ပြောရရင် Midsommar ဟာတကယ်ကို artistic ဖြစ်ပြီးလှပလွန်းတဲ့အနုပညာဖန်တီးမှုတစ်ခု၊ တစ်ဆက်တည်းမှာပဲအဲဒီ့လှပမှုဟာခြောက်ခြားဖို့ကောင်းနေတာမျိုး။ ဘယ်လိုကားမျိုးလဲမေးလာရင်ဖြေဖို့စကားလုံးတော်တော်ရှာရခက်ပါတယ်။ weird ဖြစ်တယ် bizarre ဖြစ်တယ်ပဲပြောရမှာပေါ့၊ ကြည့်တဲ့သူကိုတော်တော်လေးစိတ်မသက်မသာဖြစ်စေတယ်။ စိတ်မသတီဖြစ်စေတာမျိုး၊ weird but good ပေါ့၊ ဒီလိုသာပြောတာ ငါကြည့်တော့လဲကြောင်တောင်တောင်ကားပါကွာလို့ပြောလာရင်လဲ ပြန်ငြင်းနေမိမှာမဟုတ်ဘူး၊ တကယ်လဲကြောင်တောင်တောင်နိုင်လွန်းတာကိုး။ သေချာတာကတော့စိတ်ပြေလက်ပျောက်ကြည့်လို့ကောင်းတဲ့ကားမျိုးတော့မဟုတ်ဘူး။ တစ်ချိန်လုံးသင့်စိတ်ထဲ “ဘာတွေဖြစ်နေတာလဲ” ဆိုတဲ့မေးခွန်းတွေပဲပြည့်နေစေမှာပါ။ ရုပ်ရှင်တစ်ကားဆိုတာထက် ဒါရိုက်တာ Ari Aster တစ်ယောက်ပညာတွေပြသွားတဲ့ piece of art သက်သက်လို့တောင်ဆိုရမယ်။ ရုပ်ရှင်မှာသုံးသွားတဲ့ metaphor တွေ symbolism တွေကိုနားလည်ဖို့ကတော့မလွယ်ဘူး၊ ကျွန်တော်ကတော့နားလည်ဖို့လဲကြိုးစားနေမိမယ်မထင်ဘူး၊ နားလည်ဖို့မလိုဘူးလို့ယူဆထားလို့ပဲ။ Midsommar ဟာ တစ်ကယ်နားထောင်ကောင်းတဲ့၊ သာယာနာပျော်ဖွယ်ကောင်းတဲ့ အိပ်ရာဝင်တေးတစ်ပုဒ်လို့ဆိုမယ်ဆိုရင်တောင် အဆုံးသတ်မှာအိပ်မက်ဆိုးတွေပဲယူဆောင်လာမဲ့ တေးသွားတစ်ပုဒ်ပါ။ Credit Review 
Link (1) 242 MB - DOWNLOAD
Link (2) 1 GB     - DOWNLOAD

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy