MULAN: Rise of a Warrior (2009)


Synopsis Synopsis

Mulan (2009)
*************
GC ပရိသတ်တွေ Mulan (2020)ကို စောင့်နေတုန်း ကြည့်ရှုဖို့ ၂၀၀၉ ထွက် mulan တရုတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
Mulanဆိုတာ ပရိသတ်တွေရင်းနှီးပြီးသား ကာတွန်းကားလေးကို live actionအဖြစ်ပြန်လည် အသက်သွင်းထားတာပဲ ဖြစ်ပါတယ်… ဒီဇာတ်ကားလေးမှာဆိုရင်တော့ နာမည်ကြီးသရုပ်ဆောင်များဖြစ်ကြတဲ့ Zhao Wei, Chen Kunနဲ့ Jaycee Chanတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်​။
ဒီဇာတ်လမ်းလေးမှာတော့
မူလန်လေးဟာ ငယ်စဥ်ထဲက ရဲစွမ်းသတ္တိအပြည့်နဲ့ မိန်းမသားတစ်ဦးဖြစ်ပါတယ်။ ထိုခေတ်က မိန်းမသားတွေဟာ သိတဲ့အတိုင်း ယောကျာ်းသားတွေလို စစ်မြေပြင်မှာ စစ်ထွက်တိုက်လို့မရပါဘူး။ ဒါပေမဲ့ မူလန်လေးဟာ သူမရဲ့ အဖေ နာမကျန်းဖြစ်လျက်နဲ့ စစ်ထွက်တိုက်ရမှာကို မလိုလားဘဲ သူမကိုယ်တိုင် ယောကျာ်းလေး အသွင် ဟန်ဆောင်ကာ စစ်တိုက်ထွက်ခဲ့ပါတယ်…
ယောကျာ်လေးဟန်ဆောင်ထားတဲ့ မူလန်လေး ဘာတွေဆက်ဖြစ်မလဲ…
စစ်တိုက်ရာမှာ ကြုံတွေ့ရမယ့် အခက်ခဲတွေကိုကော မိန်းကလေးတစ်ယောက်အနေနဲ့ ဘလိုဖြေရှင်းမလဲ ဘလိုကျော်ဖြတ်သွားမလဲဆိုတာ​တွေကို အချစ် အလွမ်းစတဲ့ ရသမျိုးစုံနဲ့ ခံစားကြည့်ရှုရမာဖြစ်ပါတယ်
Mulan ဆိုမှတော့ အားလုံးသိတဲ့အတိုင်း အများကြီး ညွှန်းစရာမလိုတော့ပါဘူး။
ဒီကားလေးကလည်း ထွက်တဲ့အချိန်တုန်းက အရမ်းကို အောင်မြင်ခဲ့တာမို့ ကြည့်ရှုသင့်တဲ့ကားလေးပါပဲ။ ကာတွန်းကားနဲ့ မတူတဲ့ အချစ် အလွမ်း ရသလေးတွေပါ ခံစားရမှာမလို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ရပါတယ်နော်…

Link 900 mb Mediafire HD : Download 


Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy