Papicha (2019)

Papicha (2019)
===========================
၁၉၀၀ ပြည့်နှစ်တွေဟာ အယ်ဂျီးရီးယားလို နိုင်ငံမျိုးမှာ အမျိုးသမီးတွေအတွက်တော့ လမိုက်ညတွေလိုပါပဲ။ ဘာသာရေး အစွန်းရောက်တွေ၊ ပြည်တွင်းစစ်တွေကြားမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်၊ ပြောဆိုခွင့်၊စာသင်ကြားခွင့်၊ အလုပ်လုပ်ပိုင်ခွင့်တွေဟာ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားကြတဲ့ အချိန်ကာလတွေပါပဲ။ အမျိုးသမီးတွေရဲ့ တာဝန်ဟာ အိမ်တွင်းပုန်း သန့်ရှင်းရေးလုပ် ကလေးမွေးပေးရင် ရပြီလို့ ယူဆကြတဲ့ အချိန်ပါ။

ဒီ Papicha ဆိုတဲ့ ကားလေးကတော့ အဲ့ဒီကာလမှာ ကြီးပြင်းလာတဲ့ အမျိုးသမီးလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ပြင်သစ်ကားလေးဖြစ်ပြီး ဆုတွေရထားတဲ့ ကားလေးပါ။ ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားပါတယ်။ ဒါရိုက်တာကိုယ်တိုင် အမျိုးသမီးဖြစ်လို့ အဲ့ခေတ်က အမျိုးသမီးတွေရဲ့ ခံစားရချက်တွေကို တွေ့မြင်ခံစားရမှာပါ။ နီဂျီမာဟာ လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ကြီးပြင်းလာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အမေနဲ့ အစ်မကိုယ်တိုင်က လွတ်လပ်စွာ တွေးခေါ်ခွင့် လုပ်ပိုင်ခွင့်တွေကို အားပေးကြတာပါ။

သူ့အိမ်မက်ကတော့ အမျိုးသမီးတွေဟာ လွတ်လပ်စွာ ဝတ်စားခွင့် အလုပ်လုပ်ခွင့်တွေ ရှိလာဖို့ပါပဲ။ တက္ကသိုလ်တက်ပြီး ပြင်သစ်ဘာသာစကားကို သင်ကြားနေကာ ဖက်ရှင် ဒီဇိုင်နာအဖြစ်နဲ့ လွတ်လပ်စွာ ဖန်တီးချင်တဲ့ ရဲရင့်တဲ့ မိန်းမပျိုလေးတစ်ယောက်ပေါ့။ နိုက်ကလပ်တွေကြားမှာ သူ့ဝတ်စုံတွေက ရေပန်းစားလှပါတယ်။ အဲ့အချိန်မှာပဲ ပြည်တွင်းရေးအခြေအနေတွေက ပိုမိုဆိုးဝါးလာပြီး အကြမ်းဖက်သမားတွေကလည်း ပိုမိုသောင်းကျန်းလာပါတယ်။ နီဂျီမာ တစ်ယောက် သူ့ရဲ့ အိမ်မက်တွေကို သူချစ်တဲ့ မိသားစု သူငယ်ချင်းတွေရှိတဲ့ သူချစ်တဲ့ နိုင်ငံမှာ အကောင်အထည်ဖော်နိုင်ပါ့မလားဆိုတာကို ကြည့်ရှုခံစားကြရအောင်ပါ။ Credit Review
Link (1) 320.08 MB - Download

Link (2) 907.06 MB - Download

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy