Pee Nak (2019)

Mae Nak အကြောင်းကို Thai Horro Movies တွေမှာ မကြာခဏ ထည့်သွင်းရိုက်ကူးလေ့ရှိကြပေမယ့်.. အမြဲလိုလို Nang Nak တစ္ဆေဟာ ကြောက်လန့်စရာ၊ ခြောက်ခြားစရာ အဖြစ်သာ ရိုက်ကူးလေ့ရှိကြပါတယ်။ Ghost of Mae Nak (2005) နဲ့ Mae Nak (2012) ဟာ.. ကြည့်မိတဲ့သူတိုင်း ကျောစိမ့်စရာ Horror Movie တွေ အဖြစ်ရပ်တည်ခဲ့တာ ပရိသတ်ကြီး မှတ်မိနေကြဦးမှာပါ။ Peemak (2013) အောင်မြင်ခဲ့ရတဲ့ အဓိကအချက်ဟာ.. Horror Movie တစ်ခုကို Horror၊ Comedy နဲ့ Romance ကို သုံးမျိုး အချိုးကျကျ ရောစပ် ဖန်တီးနိုင်ခဲ့လို့ပဲ လို့ ယူဆရမှာဖြစ်ပါတယ်။ အကောင်းဆုံး 3 in 1 Movie တစ်ခုဆိုတာ ခုချိန်ထိ ပြန်ပြောဖြစ်ကြတဲ့အခါတိုင်း.. တခုတ်တရ ပြောယူရတဲ့ ဇါတ်ဝင်ခန်းလေးတွေက သက်သေပါပဲ။ Rattanakosin မင်းဆက် ခေတ်ဦးပိုင်းရဲ့ အချိန်ကာလတစ်ခုမှာ.. Mak ဟာ ကိုယ်ဝန်အရင့်အမာနဲ့ ချစ်ဇနီး Nak ကို ချန်ထားခဲ့ပြီး စစ်မှုထမ်းထွက်ခဲ့ရပါတယ်။ အချစ်ဆုံး သူငယ်ချင်းလေးယောက်နဲ့ သေအတူရှင်မကွာ စစ်မှုထမ်းနေခဲ့တဲ့ Mak ရဲ့ နောက်ကွယ်မှာ.. အိမ်က ချစ်ဇနီး တစ်ယောက် မီးမဖွားနိုင်ဘဲ ဆုံးပါးသွားခဲ့ရပါတယ်။ ရှေ့တန်းက အပြန်မှာ သူငယ်ချင်းလေးယောက်ကို အိမ်အလည်ခေါ်လာတဲ့ Mak တစ်ယောက် အိမ်ပြန်အရောက်မှာ… ဇနီးနဲ့ ရင်သွေးငယ်ကို ပြန်လည်ဆုံတွေ့ရတဲအခါ…
ရွာသူရွာသားတွေက ဘာကြောင့် Mak ကို သူ့ဇနီးသည် ဟာ ဆုံးပါးသွားကြပြီဖြစ်တဲ့အကြောင်း မပြောရဲကြသလဲ Mak ကရော ဘယ်ပုံဘယ်နည်းနဲ့ သိရှိသွားမလဲ. သိရှိသွားတဲ့အခါကျတော့ရော Mak အနေနဲ့ ဘယ်လိုများ ကြေကွဲခံစားရမလဲဆိုတာ မကြည့်ရှုရသေးတဲ့ပရိသတ်ကြီးတွေအတွက် အမြည်းသဘော ညွှန်းဆိုလိုက်ပါတယ်။
Credit Review 
Link (1) 348.58 MB - DOWNLOAD
Link (2) 944.42 GB - DOWNLOAD

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy