Red Sparrow (2018)
ဒီကားကိုကြည့်ဖို့ တွန်းအားပေးစေမယ့် အချက် ၂ ချက်ရှိပါတယ်။ အဲဒါကတော့ Jennifer Lawrence ပါတယ်ဆိုတာနဲ့ သူ့ရဲ့ sex scene/ nude scene ပါတယ်ဆိုတာရယ်ကြောင့်ပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း J Law ရဲ့ fan ဖြစ်လေတော့ ဒီလိုကားမျိုးဘယ်လက်လွတ်ခံလိမ့်မလဲ အကြည်ထွက်တာနဲ့ တန်းကြည့်တော့တာပဲ။Red Sparrow က Spy ကားပါ။ Spy ကားဆိုတဲ့အထဲကမှ လိင်အသားပေး Spy ကားလို့ပြောရမယ်။ Jennifer Lawrence က ပုရိသတွေကို ညို့ငင်ပြီး လိုအပ်တာတွေလုပ်ဆောင်ရတဲ့ ရုရှအေးဂျင့်ပေ့ါ။ ဘဲလေးကခြေသည် တစ်ဦးကနေ ခြေထောက်ကျိုးလို့ အလုပ်အကိုင်မရှိတော့ ဦးလေးဖြစ်သူ ရုရှစုံစမ်းရေးအဖွဲ့ အရာရှိက သူ့ကို Spy ကျောင်းကို ပို့လိုက်ပါလေရော။ ဒီ Spy ကျောင်းတော်ကြီးက ကျွန်တော်တို့၊ ခင်ဗျားတို့ မြင်နေကြ Spy ကျောင်းမဟုတ်ဘူး။ သိချင်ရင် ကြည့်ကြ။ အကြမ်းကြီးတွေ။ရိုးရိုးသားသားဝန်ခံရရင်တော့ ကျွန်တော်တို့အားလုံးက ဇာတ်လမ်းကို စောင့်ကြည့်တာမဟုတ်ပဲ J Law ကို စောင့်ကြည့်တာမျိုးဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်က သူနဲ့လုံးဝမလိုက်ပါဘူး။ ယောက်ကျားသားတစ်ယောက်ကို လိင်နဲ့စွဲဆောင်နိုင်တဲ့ ပုံစံမျိုးသူ့မှာမရှိဘူး။ သူက ဒီအခန်းတွေ ရိုက်လေ့ရိုက်ထမရှိလို့လည်းပါပါလိမ့်မယ်။ ကြည့်ရတာလည်း ဘယ်လိုမှ အဆင်မပြေဘူး။ ကျွန်တော်တို့တွေက Spy ကားတွေ တော်တော်များများကြည့်ဘူးကြပါလိမ့်မယ်။ အလွယ်ပြောရရင် Salt၊ The Departed၊ Body of Lies၊ Mr and Mrs Smith၊ Tourist အစရှိတာတွေပေ့ါ။ အဲဒိကားတွေအကုန်လုံးက ကြည့်ရတာ ပျော်ဖို့ကောင်းပါတယ်။ သူတို့ရဲ့ လှည့်ကွက်တွေ ဘာတွေညာတွေပေ့ါ။ တစ်ကယ်တော့ Red Sparrow မှာ Jolie လို၊ Scarlett Johansson လို မင်းသမီးဆို ဘာပြောကောင်းလိုက်မလဲ။Red Sparrow မှာ အားနည်းတာ အခုနပြောခဲ့သလို J Law ပဲဖြစ်ပါတယ်။ သူ့ရဲ့ သရုပ်ဆောင်အခန်းကဏ္ဍကို အကောင်းဆုံး အသုံးမချနိုင်ခဲ့တော့ နည်းနည်းပျင်းစရာကောင်းသလိုတောင်ရှိပါတယ်။ သူ့ရဲ့ nude အခန်းကလွဲရင်ပေါ့လေ။ အကုန်လုံးကလည်း အဲဒါပဲကြည့်ကြမှာမှတ်လား။ အဲတော့ နောက်ဆုံးပြောချင်တာက Jennifer Lawrence ရဲ့ အဖော်အချွတ်တွေကြည့်ရတာကလွဲပြီး ဒီကားက ခင်ဗျားတို့ထင်သလို ကမ္ဘာကျော် စပိုင်ဇာတ်ကားကြီးမဟုတ်ဘူးဆိုတာပါပဲ။ ဘာပဲဖြစ်ဖြစ် ပုရိသတွေအကုန်လုံးနီးပါး ကြည့်ကြမှာပါပဲလေ။ Credit Review
Link (1) 657.89 MB : Download
Link (2) 1.60 GB : Download
Link (3) 6.71 GB : Download
Link (1) 657.89 MB : Download
Link (2) 1.60 GB : Download
Link (3) 6.71 GB : Download

Comments
Post a Comment