Stargirl(2020)

ဒီဇာတ်ကားလေးကတော့ အမေရိကန်စာရေးဆရာ
Jerry Spinelli ရဲ့ဝတ္တုကိုအခြေခံရိုက်ကူးထားတဲ့
ကားကောင်းလေးတစ်ကားဖြစ်ပါတယ်…
အထက်တန်းကျောင်းသားတွေဖြစ်တဲ့လီယိုဆိုတဲ့ကောင်လေးတစ်ယောက်နဲ့
ထူးခြားတဲ့နာမည်ပိုင်ရှင်စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်ရဲ့
အချစ်ဇာတ်လမ်းကို ရိုက်ကူးထားတာပါ….
‌အရင်ကဘာပြိုင်ပွဲမှာမှဆုမှဖူးတဲ့ Mug Frogsအထက်တန်းကျောင်းဟာ
ထူးခြားမှုတွေပြည့်နေတဲ့ စတားဂဲလ်ဆိုတဲ့ကောင်မလေးတစ်ယောက်
ကျောင်းကိုရောက်လာတဲ့အချိန်ကစပြီးတော့ …
ဆုတံဆိပ်တွေရရှိဖို့ အလှည့်အပြောင်းတွေဖြစ်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်…
စတားဂဲလ်ဟာလဲ ကျောင်းအတွက် လူတိုင်းအတွက်
ကံကောင်းစေတဲ့ လာဘ်ကောင်လေးတစ်ကောင်လိုဖြစ်လာပါတယ်…
သူမရှိရင်မဖြစ်ဆိုတဲ့အခြေအနေထိရောက်အောင်
သူကလူတိုင်းရဲ့စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်..
ဒါပေမယ့် လူတိုင်းကိုကူညီတတ်တဲ့စတားဂဲလ်တစ်ယောက်
အကူအညီမလိုအပ်တဲ့သူတွေကို ကူညီပေးမိတဲ့အတွက်ကြောင့် ပြဿနာ
အကြီးကြီးတက်ပါတော့တယ်…အဲ့ဒီပြဿနာကရောဘာလဲ…
သူမ အခက်အခဲဖြစ်နေချိန်မှာ အနားမှာ ဘယ်လိုကောင်လေးမျိုးရောက်လာမလဲ….
ဒီကားလေးဟာ ပုံမှန်အချစ်ဇာတ်လမ်းတွေကနေခွဲထွက်ပြီးတော့
ကျွန်တော်တို့ကို တွေးစရာတွေအများကြီးပေးနိုင်တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်
ဆယ်ကျော်သက်ဘဝမှာအချစ်ကိုတွေ့ရှိချိန် ဖြစ်တတ်တဲ့ ကြည်နူးမှုတွေ
ဝမ်းနည်းမှုတွေ ကျွန်တော်တို့နေ့စဥ် သတိမထားမိပဲ လုပ်နေမိကြတဲ့
အမှားတွေ လူတိုင်းကိုမကူညီသင့်ဘူးဆိုတဲ့အကြောင်းတွေကို
သိမ်သိမ်မွေ့မွေ့နဲ့ ရှင်းရှင်းလင်းလင်းရိုက်ကူးထားတာကို တွေ့ရပါတယ်
ဇာတ်ကားထဲမှာပါဝင်တဲ့ သီချင်းလေးတွေကလဲ အရမ်းကောင်းတဲ့အတွက်
ကြည့်ရှုသူပရိတ်သတ်ကြီး ကြည့်ရတာတန်လိမ့်မယ်လို့ ယုံကြည်ပါတယ် ... Crd


Link 1 900 mb - DOWNLOAD

Link 2 900mb - DOWNLOAD

Link 3 900 mb - DOWNLOAD

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy