Start-Up (2019)

Start-Up (2019)
=================================
ဒီတစ်ခေါက် မိုတီဗေးရှင်းရစေမယ့် ကိုးရီးယား ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဘယ်လို မိုတီဗေးရှင်းလည်းဆိုရင် ဘဝကို အရှုံးမပေးဖို့ အလွယ်လမ်းကိုမလိုက်ဖို့ အတွက် ကိုးရီးယားကားတို့ထုံးစံအတိုင်း ဟာသ ဖိုက်တင် စကားလုံးလှလှလေးတွေနဲ့ ရသစုံ ရိုက်ကူးတင်ဆက်ထားတာမို့ ခံစားကြည့်ကြပါဦးနော်။

အသက် ၁၈ နှစ်အရွယ် ကျောင်းသားနှစ်ဦးရဲ့အကြောင်းကို ယှဉ်ပြီးတင်ဆက်ပေးထားပါတယ်။ စီးပွားရေးအခြေအနေကြောင့် ကျောင်းလည်းဆက်မတက်နိုင်ဘဲ ဘဝအတွက် ယုံကြည်ရာကို ရွက်လွင့်ကြပါတယ်။ တစ်နယ်တစ်ကျေးကို ထွက်သွားပြီး စီးပွားရှာတဲ့ ထယ်အီ နဲ့ အဘွားကိုစောင့်ရှောက်ပေးရင်း ပိုက်ဆံချေးတဲ့အဖွဲ့နဲ့ဆက်မိသွားတဲ့ ဆမ်ဖီ တို့အကြောင်းကိုရိုက်ကူးထားတာပါ။

ထယ်အီ ရဲ့အမေက ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး သားပြန်အလာကို စောင့်နေရင်းနဲ့ ဆမ်ဖီ တို့ဆီက ပိုက်ဆံချေးမိသွားသောအခါ သူငယ်ချင်းနှစ်ယောက် လောကဓံကို ဘယ်လို ရင်ဆိုင်မလဲ ပိုက်ဆံဆိုတဲ့ အဓိက ရန်သူကြီးကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ ဒီကားလေးကို ကြည့်ရင်းနဲ့အဖြေရှာရအောင်နော်။ ကြည့်လို့အဆင်ပြေတဲ့ ကားကောင်းလေးတစ်ကားဖြစ်မှာပါခင်ဗျာ။ Crd
Link 1 Yandex HD 910 mb : Download

Link 2 Mediafire HD  910 mb : Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy