The Grand Budapest Hotel
The Grand Budapest Hotel
ဒီတစ်ခါ အော်စကာဆု 4ဆုတောင်ရထားတဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
Oscar ရဲ့ best production design, Best costume Design အပါအဝင် Golden Globe, Critics Choice Movie Award နဲ့ အခြား ဆုတော်တော်များကိုလဲ win ထားပါတယ်။ အနုပညာ ကိုသေချာခံစားလို့ရမယ် ဇာတ်ကားဖြစ်တာကြောင့် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။
ဒီကားက 2014 တုန်းက ထွက်ထားတဲ့ comedy-drama အမျိုးအစားပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ The Grand Budapest ဆိုတဲ့ ဟော်တယ်ကို အခြေခံ ရိုက်ကူးထားတာပါ။
အဲ့ဟော်တယ်ရဲ့ အုပ်ချုပ်သူဖြစ်တဲ့ မွန်စီယာဂူစတိဗ်နဲ့ တပည့်ကျော် ဧည့်ကြိုလေး ဇီးရိုးတို့ ဆရာတပည့်နှစ်ယောက်ကို အများဆုံးတွေ့ရမှာပါ။
အဆွေးဇာတ်တွေ၊ ဖက်ဆစ်ဝါဒီအကြောင်းတွေ၊ အတိတ်ကို လွမ်းဆွတ်မှုတွေ၊ မိတ်ဆွေသဟာယ စိတ်ဓာတ်တွေ၊ သစ္စာစောင့်သိမှုတွေကို အနုပညာရသ မြောက်စွာ တွေ့မြင်ကြရမှာပါ။
ညွန်းပေးတာများရင် ဇာတ်လမ်းအရသာ ပေါ့သွားမှာစိုးလို့ ဒီလောက်ပဲပြောပြမယ်နော်။ မိတ်ကပ် ဆံပင်ဒီဇိုင်းတွေ၊ ဝတ်စုံဒီဇိုင်းတွေ၊ ထုတ်လုပ်မှုဒီဇိုင်းတွေနဲ့တင် ကြည့်ရတာ တန်တဲ့ဇာတ်ကားဆိုတာတော့ လုံး၀ အာမခံတယ်နော်။ Crd
Link (1) 800 mb : Download
Link (2) 250 mb : Download

Comments
Post a Comment