The Irishman (2019)

ဒီရုပ်ရှင်ကတော့ သမိုင်းမှာ ရုံတင်ဖူးတဲ့ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။
သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။ သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။ လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။ သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှ စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။ God father, Good fellas တို့လို epic crime drama အမျိုးအစားပဲ ဖြစ်ပါတယ်။နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။ မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။ အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။ ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။ Crd 
Link (1) 2.43 GB - DOWNLOAD
Link (2) 963.81 MB - DOWNLOAD

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy