The Man Standing Next ( 2020 )


The Man Standing Next ( 2020 )
=======================
BASED ON TRUE EVENT (ဖြစ်ရပ်မှန်အားအခြေခံထားသည်)
ဒီဇာတ်ကားဟာ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ကားဖြစ်ပြီး The President last bang ဆိုတဲ့ ဇာတ်ကားထွက်ပြီး နောက်ပိုင်းမှာ ပြန်လည်အမွန်းတင်ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ အားလုံးစိတ်ဝင်တစားရှိမယ့်အကြောင်းအရာဖြစ်ခဲ့တဲ့ Taxi Driver , May 18 တို့လို နိုင်ငံရေးတော်လှန်မှုတွေ ဖြစ်တဲ့အချိန်ကို ပြန်လည်ရိုက်ကူးတင်ပြထားပြီးတော့ တောင်ကိုရီးယားရဲ့ နိုင်ငံရေးမတည်ငြိမ်မှုသမိုင်းတွေကို ပြန်လည်တွေ့မြင်ရမှာပါ။

မင်းသားကြီး လီဗျောင်ဟွန်းအပြင် အခြားသော ဝါရင့်သရုပ်ဆောင်များစွာနဲ့ရိုက်ကူးထားပြီး စစ်တပ်အာဏာသိမ်းခြင်း၊ အာဏာသိမ်းပြီးနောက်ပိုင်းစပ်ကြား ဒီမိုကရေစီပြောင်းလဲနိုင်ရေးကြိုးပမ်းနေတဲ့ကာလကိုလည်း ရိုက်ကူးပြသထားပါတယ်။ အမေရိကန်နဲ့ ကိုရီးယားအကြားမှာ တင်းမာမှုတွေ ဒီမိုကရေစီ ဆိုင်းဘုတ်ပြကာ နိုင်ငံရေး ချယ်လှယ်မှုတွေနဲ့ ထောက်လှမ်းရေးပိုင်းဆိုင်ရာ ရက်စက်မှုတွေ နိုင်ငံရေးလှည့်ကွက်များစွာကိုလည်းတွေ့မြင်ရမှာပါ။

၁၉၇၉ ခုနှစ် အောက်တိုဘာလ ၂၆ ရက် သမ္မတကြီး ပတ်ချောင်ဟီး ဆိုသူလုပ်ကြံခံရတဲ့အချိန်မတိုင်ခင်ရက် ၄၀ အတွင်းမှာဖြစ်ပျက်ပြောင်းလဲသွားတာကို ရိုက်ကူးပြသထားတာပါ။ သမ္မတပတ်ချောင်ဟီး ၁၉၆၃ ခုနှစ်ကနေ ၁၉၇၉ အထိ သမ္မတရာထူးနဲ့နေခဲ့ရာမှာလုပ်ကြံခံလိုက်ရတာဖြစ်ပါတယ်။ သူဟာ ၁၉၆၁ မှာ စစ်တပ်အာဏာသိမ်းခြင်းကို ပြန်လည်တော်လှမ်ခဲ့တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာနဲ့အညီ သူဟာ သမ္မတရာထူးကိုထမ်းဆောင်ခဲ့တာပါ။ အာဏာရပြီးနောက်ပိုင်းမှာ ပြောင်းလဲမှုများစွာဖြစ်ခဲ့တာကတော့ စီးပွားရေးကျဆင်းမှု ပတ်ချောင်ဟီးအား ဆန့်ကျင်သူများမှာလည်း ထောက်လှမ်းရေးတပ်ကြောင့် သေဆုံးသွားစေမှု အမေရိကန်မှသူ့အား ဖိအားပေးပြီး သမ္မတရာထူးမှနှုတ်ထွက်ရန်ပြောသော်လည်း ငြင်းဆန်မှု နောက်ဆုံးမှာ ဘူဆန်အရေးအခင်းဟုခေါ်သော လူပေါင်း ၁၀၀၀၀ ကျော်ဟာ ပတ်ချောင် ဟီ ကိုဆန္ဒထုတ်ဖော်ကြပါတယ်။

ထိုသို့ ဆန္ဒထုတ်ဖော်မှုကို အကြမ်းနည်းနဲ့ဖြေရှင်းရန် တစ်နည်းအားဖြင့် တင့်ကားအမြောက်ဖြင့်ပစ်ရန်လေတပ်နဲ့ ရှင်းလင်းရန် ပစ်ခတ်မိန့်ကို ထုတ်လိုက်ပါတယ်။ ထိုသို့ထုတ်ပြန်ပြီး ၆ ရက်အကြာမှာ ထောက်လှမ်းရေး ဒါရိုက်တာတစ်ဦးနဲ့ အတူတူအရက်သောက်နေရင်း လုပ်ကြံခံလိုက်ရတာပါ။ ထောက်လှမ်းရေး ဒါရိုက်တာ ကင် အနေနဲ့ လီဗျောင်ဟွန်းက သရုပ်ဆောင်ထားပြီး သမ္မတကြီးပတ် ချောင်ဟီးနေရာမှာ လီမင်ဆန်း နှုတ်ထွက်ထောက်လှမ်ရေးဒါရိုက်တာ ပတ်ယောင်ဂတ် နေရာမှာ ဂွတ်ဒူဝန် သမ္မတဘေးနားတွင် ကာကွယ်ပေးနေတဲ့ ဂွတ်ဆန်ဂျောင်နေရာမှာ လီဟီးဂျောင် တို့ ကအသီးသီးသရုပ်ဆောင်ထားပြီး ဖြစ်ရပ်မှန် ဇာတ်လမ်းကို ကောင်းမွန်အောင်ညွန်းဆိုလိုက်ရပါတယ်။ Crd

Link (1) 910 mb : Download

Link (2) 340 mb : Download

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy