The Night Clerk (2020)


ဘာ့တ် လို့ခေါ်တဲ့ ကောင်လေးက Asperger’s Syndrome လို့ခေါ်တဲ့ လူတွေနဲ့ ဆက်ဆံတဲ့အခါ အဆင်မပြေဖြစ်တတ်တဲ့ ရောဂါ ရှိနေသူပါ။ သူက ဟိုတယ်တစ်ခုမှာ ညစာရေး လုပ်ပြီး အဲ့ ဟိုတယ်ရဲ့ အခန်းအချို့မှာ လျှို့ဝှက် ကင်မရာတွေ တပ်ထားပြီး သူက စောင့်ကြည့်ပါတယ်။ အဲ့လို လုပ်ရတဲ့ အကြောင်းက သူက လူတွေနဲ့ ဆက်ဆံတဲ့ အခါ အဆင်မပြေတဲ့ အတွက် အဲ့လို ကင်မရာကနေ စောင့်ကြည့်ပြီး သူက လူတွေ ဘယ်လို ပြုမူလဲဆိုတာ သင်ယူတာပါ။ အဲ့လိုနဲ့ တစ်ညရောက်တော့ ကာရင် လို့ ခေါ်တဲ့ မိန်းကလေးက သူ့ရဲ့ ဟိုတယ်မှာ လာတည်းပါတယ်။ အဲ့ကောင်မလေးကလဲ လှတဲ့ အတွက် သူက သူ့ရဲ့ ကင်မရာ တပ်ထားတဲ့ အခန်းကို ပေးလိုက်ပြီး သူ့ကို စောင့်ကြည့်ပါတယ်။ အဲ့လို ကြည့်နေတုန်း ကာရင်လို့ ခေါ်တဲ့ ကောင်မလေး အခန်းထဲကို ယောက်ျားတစ်ယောက်က ၀င်လာပြီး တိုက်ခိုက်တာတွေ ဖြစ်တယ်။ အဲ့တော့ သူကလဲ ကြောက်ပြီး သူ ကင်မရာတပ်ထားတာတွေကို လိုက်ဖြုတ်တယ်။ ဒါပေမယ့် အခန်း တစ်ခန်းမှာ ကင်မရာ တစ်လုံးက ကျန်ခဲ့ပါတယ်။ အဲ့တော့ စုံထောက်က အဲ့ အမှုနဲ့ ပတ်သက်ပြီး စုံစမ်းရင်း ကင်မရာကို တွေ့သွားပါတယ်။ အဲ့တော့ ဘာတွေ ဆက်ဖြစ်မလဲ ဘာ့တ်က လွတ်မြောက်မလား ဆိုတာ ကြည့်ရမယ့် စိတ်၀င်စားစရာ ကားလေးပါ။ တစ်ကားလုံး မျှော်မှန်းထားသလို ဖြစ်မလာတာကလဲ ဒီကားရဲ့ စွဲဆောင်မှု တစ်ခုပါ။ အဲ့တာကြောင့် ဒီကားလေးက 2020 ရဲ့ ကြည့်ကိုကြည့်သင့်တဲ့ ကားတွေထဲ ပါနေပြီး ဝေဖန်မှု ကောင်းတွေ အများကြီးရထားတာပါ။ Crd
Link 900 mb - DOWNLOAD

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy