The Wild Goose Lake (2020)



The Wild Goose Lake (2020)
====================================
ဒီဇာတ်ကားထဲက ဇာတ်ဆောင်မင်းသားကတော့ မက်မွန်မြေကချစ်တေးတစ်ပုဒ်၊ သိုင်းမင်းသားနဲ့နတ်မိမယ်စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပျိုမေတို့ရဲ့အသဲစွဲဖြစ်လာတဲ့ မင်းသားပါ။

ဇာတ်လမ်းလေးကတော့ ဆိုင်ကယ်သခိုးဂိုဏ်းတစ်ခုရဲ့ အပြန်အလှန်ကလိမ်ကျမှုတွေကို စိတ်၀င်စားဖွယ်ရိုက်ပြထားတာပါ။ ဆိုင်ကယ်ခိုးတဲ့ အဖွဲ့သားချင်းနယ်မြေလုရာမှ တစ်ဖွဲ့နဲ့တစ်ဖွဲ့ စကားများရန်ဖြစ်ကြရာကနေ မဆုံးနိုင်တဲ့ကလဲ့စားချေမှုတွေ ဖြစ်လာတာပါ။ ဆုန့်ဇုန်အဖွဲ့ထဲကတစ်ယောက်က ကြောင်မျက် လုံးရဲ့ညီကိုသေနတ်နဲ့ပစ်မိရာကနေ ကြောင်မျက် လုံးက ဆုန့်ဇုန့်နဲ့သူ့လူတွေကို လိုက်သတ်ပါတော့ တယ်။ ဆုန့်ဇုန်ကလိုက်သတ်တာကနေပြေးရင်း ရဲ တစ်ယောက်ကိုသတ်မိသွားတယ်၊ ရဲတွေကလည်း ဆိုင်ကယ်သခိုးဂိုဏ်းကိုလိုက်လံဖမ်းဆီးရင် ဆုန့်ဇုန့်ကို ဆုကြေးငွေထုတ်ပြီး၀ရမ်းထုတ်ပါတော့တယ်။

ဆုန့်ဇုန်ကလည်းသူသေရဲ့မဲ့အတူတူ သူ့မိန်းမနဲ့က လေးကိုဆုကြေးရစေချင်တော့ သူ့သူငယ်ချင်းတွေကိုအကူအညီနဲ့သူ့မိန်းမလက်ထဲမှာ အဖမ်းခံချင်ခဲ့ပါတယ်။ ဒါပေမဲ့ သူအကူအညီတောင်းတဲ့သူငယ်ချင်းတွေကရောယုံကြည်ရပါ့မလား၊ သူ့ကိုသတ်ချင်နေတဲ့သူတွေကရော ဘယ်လိုလှည့်ကွက်တွေ သုံးပြီးသတ်မှာလဲ၊ ရဲတွေကရောသူ့ကိုဖမ်းမိနိုင်မှာလား ဆုန့်ဇုန်ကရောသူတို့အားလုံးကို ဘယ်လိုရှောင် တိမ်းမလဲ စသည့်မြှပ်ကွက်တွေကို စိတ်၀င်စား ဖွယ်တွေ့ရှိရမှာပါ။ အခန်းတိုင်းမှာမြှပ်ကွက်တွေပါတာမို့ ဇာတ်လမ်းက တစ်ဖြည်းဖြည်းဆွဲခေါ်သွားပုံစံမျိုးမို့ အားလုံးစိတ်၀င်တစားကြည့်ရှုရမဲ့ ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Link 910 mb Yandex HD : Download

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy