Timmy Failure: Mistakes Were Made (2020)


တင်မီ လို့ခေါ်တဲ့ ကောင်လေးကသူ့ကိုယ်သူ စုံထောက် လို့ထင်နေပြီး တစ်မြို့လုံးမှာ သူက အတော်ဆုံး စုံထောက် အေဂျင်စီ ဖွင့်ထားတယ်လို့ ယုံကြည်နေတာပါ ။ နောက်တော့ သူ့ ရုံးချုပ်ကို မြို့ထဲကို ပြောင်းရွှေ့ဖို့ အတွက် ပိုက်ဆံရှာဖို့ အမှုတွေ ပိုလိုက်ရမယ်ဆိုပြီး အမှုတွေ စုံစမ်းပါတယ် ။ သူက စကားပြောရင်လဲ စုံထောက် ပုံစံနဲ့ ပဲပြောပြီး ကျောင်းမှာလဲ အဆင်‌မပြေပါဘူး ၊ နောက်‌ အမှုလိုက်ရင်း သူ့အမေ ရဲ့ ဆက်ဝေး ပါ ပျောက်သွားပါတယ် ။ သူ့‌အခြေ အနေက ဆိုးလာတဲ့ အတွက် သူ့ကို ကျောင်းက စိတ်ရောဂါ ဆရာ နဲ့ ‌တွေ့ခိုင်းပါတယ် ၊ တင်မီက ဒီအမှုတွေကို နောက်က ကြိုးကိုင်သူက အခန်းထဲက ကောင်မလေး ဖြစ်မယ်လို့ ယုံကြည်နေပါတယ် ။ တစ်ရက် သူတို့အခန်းက ဆည်ကြီး ဆီကို ခရီး ထွကိရင်း တင်မီက အမှားထပ်လုပ်မိတဲ့ အတွက် သူ့ကို ကျောင်းက 3 ရက် နားခိုင်းလိုက်ပြီး သူ့အကျင့်တွေ မပြင်ရင် ကျောင်းကပါ ထုတ်ပစ်မယ်လို့ ပြောထားပါတယ် ။ သူ့အကျင့်တွေ ပြင်ပြီး သူ ပုံမှန်လူလို ပြန်နေမလားဆိုတာ ကြည့်ရမယ့် ကားပါ ၊ ဒီကားမှာ သူ အမှုလိုက်တာတွေ အမှားတွေ လုပ်မိတာတွေကို ဟာသဆန်ဆန် ကြည့်ရမယ့် ကားလေးပါ ။ Crd 
Link 1 Megaup 910 mb - DOWNLOAD

Link 1 Gdrive 910 mb - DOWNLOAD

Comments

Popular posts from this blog

Perfect Scanner's Privacy Policy

Downmal 2020's Policy

Privacy Policy