Bheeshma (2020)

Bheeshma (2020)
အချစ်ကံ ခေနေတဲ့သူတွေ ရှိပါသလား။ ဇာတ်လမ်းကတော့ အချစ်ကံခေနေတဲ့ ဘီရှာမာနဲ့ အစပြုထားပါတယ်။

အချစ်ကြား အလွဲလေးတွေ မြင်တွေ့ရမှာပါ။ယောက္ခထီးနဲ့ သူ့သမီးကို တောင် video call မှားခေါ်မိတဲ့ အဆင့်ထိဆိုပါတော့။

တိုက်ဆိုင်စွာနဲ့ပဲ ဘီရှာမာအော်ဂဲနစ် ဆိုတဲ့ စိုက်ပျိုးရေးကုမ္ပဏီးကြီးတစ်ခု ရှိနေတယ်။ကုမ္ပဏီကလည်း အရမ်းအောင်မြင်ပါတယ်။

ဒါပေမယ့် ကုမ္ပဏိပိုင်ရှင်က CEO အသစ်ရှာနေလေရဲ့။ ကုမ္ပဏီ နဲ့ နာမည်ချင်းတူနေတဲ့ ဘီရှာမာတစ်ယောက် ကုမ္ပဏီနဲ့ ဘယ်လိုပတ်သက်မှုမျိုးရှိနေတာလဲ။ တိုက်ဆိုင်ရံု သက်သက်ပဲလား။ ကုမ္ပဏီပိုင်ရှင်ရဲ့ နာမည်ကလည်း ဘီရှာမာပါပဲ။

ဘီရှာမာအောဂဲနစ်ရဲ့‌ပြိုင်ဘက် ကုမ္ပဏီ တစ်ခုလည်း ရှိနေပြန်တယ်။ သူတို့လည်း စိုက်ပျိုးရေး ကုမ္ပဏီပဲ။ ဒါပေမယ့် ကယ်မီကယ်နည်းနဲ့ ထုတ်ထားတဲ့ မြေဩဇာတွေ၊ ပိုးသတ်ဆေးတွေ ရောင်းပေးတဲ့ ကုမ္ပဏီပေါ့။

ပြိုင်ဘက် ကုမ္ပဏီ နှစ်ခုကြား လယ်သမားတွေကော ဘာတွေကို ဘယ်လိုရင်ဆိုင်ကြမလဲ။ CEO အသစ်ကကော ဘယ်သူဖြစ်လာမလဲ။ အချစ်ကံခေနေတဲ့ ဘိရှာမာက‌ကော အချစ်စစ်ကို တွေ့သွားမလား။ Credit Review
Link (1) 400 MB - Download

Link (2) 400 MB - Download

Link (3) 1 GB - Download

Link (4) 1 GB - Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy