Darkness – Iruttu (2019)

Darkness – Iruttu (2019)
==================================
ဒီတစ်ခါတော့ သဘာဝလွန်ကားတွေ စိတ်လှုပ်ရှားစရာတွေမှ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိသတ်ကြီးအတွက်ပါပဲ။ အိမ်ထဲမှာ နားရက်တွေကြောင့် ပျင်းနေကြသူတွေအတွက် စိတ်ဝင်စားစရာကားလေး တင်ဆက်ပေးလိုက်ပါတယ်နော်။

ဟေလီဆိုတဲ့ ကျေးလက်ရွာလေးဟာ အေးချမ်းပြီး တိတ်ဆိတ်တဲ့ ရွာလေးတစ်ရွာဖြစ်ပါတယ်။ သာမာန်ရွာသူရွာသားတွေပဲ စုပေါင်းနေထိုင်ကြတာမလို့ အမှုအခင်းကြီးကြီးကျယ်ကျယ်မှလဲ မရှိသလောက်ပါပဲ။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ လူသတ်မှု တစ်ခုဖြစ်ပွားခဲ့ပါတယ်။ လူ ၆ ယောက်ဟာ မတူညီတဲ့နေရာတွေမှာ တစ်ပြိုင်နက်တည်း အသတ်ခံခဲ့ရတာပါ။ ဘာသဲလွန်စမှလဲ မကျန်ခဲ့ပါဘူး။ ဒဲ့ဒီနောက်တော့ ဒီအမှုကို စုံစမ်းနေတဲ့ စုံထောက်ကလည်း ထူးဆန်းစွာသေဆုံးသွားခဲ့ပါတယ်။ အဲ့ဒီနောက်တော့ ချာလီလို့ခေါ်တဲ့ ရဲအရာရှိဟာ သူ့မိသားစုတွေနဲ့ ဒီရွာလေးကို တာဝန်ပေးချက်အရ ရောက်လာပါတယ်။ သူ့တာဝန်ကတော့ ဒီအမှုကို စုံစမ်းဖို့ပါပဲ။ လာတဲ့ လမ်းခရီးမှာ ကြုံတွေ့ခဲ့တာတွေကြောင့် နိမိတ်မကောင်းဘူးလို့ သူရဲ့ အမျိုးသမီးက ယုံကြည်နေပါတယ်။ ရွာလေးကိုရောက်တဲ့အခါမှာတော့ ချာလီ၊ ဇနီးနဲ့ သမီးဖြစ်သူတို့ဟာ ထူးဆန်းမှုတွေကို ဆက်တိုက်ကြုံတွေ့လာရပါတော့တယ်။ ဒီအဖြစ်တွေဟာ လူသတ်မှုနဲ့ ပတ်သက်မှုရှိနေမလား။ ဘယ်လိုအခြေအနေတွေနဲ့ တွေ့ကြုံရမလဲဆို​တာ ဆက်လက် ကြည့်ရှုပေးကြပါဦးရှင်။ Credit Review
Link 350 MB - Download 

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy