Piranhas (2019)

Piranhas (2019)

La paranza dei bambini (original title)

Nepalsမြို့လေးကအေးချမ်းသယောင်ရှိပေမယ့် အများသိကြတာကတော့ မြေအောက်ဒုစရိုက်မြို့တော်တစ်ခု ပြည်သူတွေဆီကဆက်ကြေးတောင်းတဲ့ ဂိုဏ်းသားတွေ လက်နက်ကိုင်ဆောင်ထားတဲ့ဆယ်ကျော်သက်တွေ လမ်းမပေါ်မှာပေါ်ပေါ်ထင်ထင်မူးယစ်ဆေးရောင်းတာတွေဟာ Nepalsရဲ့ပုံရိပ်လိုဖြစ်နေပါတယ်

ဒီဇာတ်လမ်းလေးရဲ့အစမှာတော့ ဘယ်ဂိုဏ်းဝင်မှမဟုတ်တဲ့ အညတရ၁၅နှစ်အရွယ်ကောင်လေးNicolaဟာ တခြားလူငယ်တွေလိုပဲ သူငယ်ချင်းတွေနဲ့လျှောက်သွားရင်း ကလပ်သွားမယ့်မိန်းကလေးနှစ်ယောက်ကို ကူညီခဲ့ပြီး

Leticiaဆိုတဲ့မိန်းမချောလေးကိုစိတ်ဝင်စားပြီး ကလပ်ထဲဝင်ဖို့ကြိုးစားခဲ့ရာ ပိုက်ဆံမရှိတဲ့အတွက် နာရီဆိုင်ကနေ လုယက်ဖို့ကြံစည်မိခဲ့တယ်

ထွက်ပြေးတဲ့အချိန် နယ်မြေပိုင်ဂိုဏ်းရဲ့ အဖမ်းခံရပြီး ထပ်မလုပ်ဖို့ကတိပေးတဲ့အတွက် သူတို့အဖွဲ့ကိုဆေးရောင်းဖို့တာဝန်ပေးခဲ့တယ် ဂိုဏ်းရဲ့ယုံကြည်မှုရပြီး ခေါင်းဆောင်တွေရဲ့မင်္ဂလာပွဲကျင်းပချိန်မှာ ရဲတွေလာဖမ်းသွားတဲ့အတွက် ဦ

းဆောင်မှုလျော့ရဲနေတဲ့အချိန် Nicolaမှာ bossဟောင်းတစ်ယောက်ဖြစ်တဲ့ Don Vitoနဲ့ပူးပေါင်းပြီး ဂိုဏ်းသားဟောင်းတွေကို လက်နက်အားကိုးနဲ့မောင်းထုတ်ကာ အရှိန်အဝါကြီးတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်လာပေမယ့်

ရန်သူတွေများပြားလာချိန်မှာတော့ သူတို့ရဲ့ဇာတ်သိမ်းကလှပမလားဆိုတာကိုစောင့်မျှော်ကြည့်ရှုရမှာဖြစ်ပါတယ် ဒါကတော့2015ကအသတ်ခံခဲ့ရတဲ့ Nepalsမြို့က ဆယ်ကျော်သက်ခေါင်းဆောင်ဟောင်းတစ်ယောက်ကို အခြေခံပြီးရိုက်ကူးထားတာပါ Credit Review
Link (1) 400 MB - Download

Link (2) 400 MB - Download

Link (3) 800 MB - Download

Link (4) 800 MB - Download

Comments

Popular posts from this blog

Downmal 2020's Policy

Mrs. Serial Killer (2020)

Privacy Policy