Posts

Showing posts from April, 2020

Born Again

Image
Season 1 Link Download Episode 1+2 : 571 MB -  Download                   571 MB -  Download Episode 3+4 : 598 MB -  Download 598 MB -  Download

Heroic Losers (2019)

Image
Heroic Losers (2019) ========================== ဒီကားလေးကတော့ ထူးထူးခြားခြား အာဂျင်တီးနားမှာရိုက်ထားတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်လမ်းထဲက အဓိကဇာတ်ဆောင်ဖြစ်တဲ့ ပါလာစီတို့နေတဲ့မြို့ငယ်လေးဟာ စီးပွါးရေးကျဆင်းလို့ လူတွေကစွန့်ပစ်သွားတဲ့ မြို့လေးတစ်မြို့၊ အဲ့လိုမြို့ထဲမှာ အလုပ်လက်မဲ့များလာလို့ ပါလာစီကသူ့သူငယ်ချင်းတွေနဲ့ပိုက်ဆံစုပြီး စပါးကျီစက်ရုံတစ်ရုံ ပြန်ဖွင့်နိုင်အောင် ရန်ပုံငွေစရှာပါတော့တယ်… သူ့ရည်ရွယ်ချက်ကတော့ မြို့ထဲကလူတွေကို အလုပ်ပေးပြီး အလုပ်လက်မဲ့မဖြစ်စေချင်လို့ပါ။ ဖြစ်ချင်တော့ ပိုက်ဆံပေးတဲ့ လူအများစုကခပ်ကြောင်ကြောင်နဲ့ လူတွေကအရှုံးသမားတွေလို့ သတ်မှတ်ထားတဲ့ အဖြစ်မရှိတဲ့လူတွေပါ။ ပိုက်ဆံတွေစုမိပြီး ဘဏ်ကိုသွားအပ်တဲ့အချိန် ဘဏ်ကဒေဝါလီခံရတော့မှာကို သိနေတဲ့မန်နေဂျာက သူတို့ပိုက်ဆံတွေကို အထက်လူကြီးတစ်ယောက်နဲ့ပေါင်းပြီး လိမ်ယူသွားပါတော့တယ်။ အဲ့လိုနဲ့သူတို့လို အရှုံးသမားလူတစ်စု ပိုက်ဆံတွေပြန်ရအောင် ဘယ်လိုပြန်ယူကြတယ်ဆိုတာကို ရိုက်ပြထားတဲ့ Heroic Losers ဆိုတဲ့ Losers တွေရဲ့ဇာတ်လမ်းလေးပါ… Credit Review Link (1) 345 MB -  Download Link (2) 901 MB -  Download

The Other Lamb (2019)

Image
The other lamb (2019) ဒီကား​လေးက အခြားကား​တွေနဲ့မတူတဲ့ horror ဇာတ်​ကား​ကောင်း​လေးပါ။​​ယောကျာ်းတစ်​ယောက်တည်းသာဦး​ဆောင်တဲ့ မိန်းမ​တွေချည်းသာပါဝင်တဲ့ အစွန်း​ရောက် ဘာသာ​ရေးအဖွဲ့တစ်ခုပါ။ အဲ့​ယောကျ်ားက သူ့အဖွဲ့မှာပါဝင်တဲ့ ဇနီးမယားများစွာနဲ့ သမီး​တွေကို စု​ဆောင်းထားခဲ့တာပါ။ သူတို့က သိုးအုပ်စု​တွေနဲ့အတူ သာမန်ဘဝ​မှာ ရှင်သန်သူတွေနဲ့မတူပဲ ​တောထဲမှာ ​နေထိုင်တာပါ။ အဲ့သမီး​တွေထဲက ဆယ်လာဟာ အဲ့​ဦး​ဆောင်သူ ​ယောကျ်ားရဲ့ သ​ဘောအကြိုက်ဆုံး သမီးတစ်​ယောက်ပါ။ ဆယ်လာဟာ ​နောက်ပိုင်းမှာ အဲ့ယောကျ်ားရဲ့ ဦး​​ဆောင်မှုနဲ့ အုပ်ချုပ်​ရေးနည်းလမ်း ​တွေကို တဖြည်းဖြည်း သံသယဝင်လာကာ တကယ့်အစစ်အမှန် အမှန်တရားကိုရှာ​ဖွေပြီး ​တောထဲက ရုန်းထွက်ဖို့ ကြိုးစားခဲ့တဲ့ ဇာတ်လမ်း​ကောင်းပါ။ Credit Review Link (1) 244 MB -  Download Link (2) 244 MB -  Download Link (3) 799 MB -  Download Link (4) 799 MB -  Download

Blue Story (2020)

Image
Blue Story (2020) လမ်းမပေါ်မှာဖြစ်နေတဲ့ ဂိုဏ်းတိုက်ပွဲတွေကြောင့် အပြစ်မဲ့ဓားစာခံတွေသေကြေနေကြတယ် မိခင်တွေဟာသူတို့သားတွေကိုမြှုပ်နှံနေရတယ် ဒီဂိုဏ်းတွေရဲ့ရည်ရွယ်ချက်ကဘာလဲ? သူတို့မပိုင်တဲ့မြို့နယ်တွေအတွက် တစ်ဖွဲ့နဲ့တစ်ဖွဲ့ရန်စတိုက်ခိုက်နေတော့မှာလား? ဒီအပြာရောင်ပုံပြင်လေးရဲ့အစကတော့ Timmyနဲ့Marcoဆိုတဲ့လူမည်းနှစ်ယောက်ကနေစတာပေါ့ Timmyရဲ့အမေကသူပေါင်းနေတဲ့သူငယ်ချင်းဖြစ်သူKironကိုမကြိုက်တဲ့အတွက် ကျောင်းပြောင်းလိုက်တဲ့အခါ Marcoနဲ့စတင်ခင်မင်ခဲ့ရတယ် နှစ်ယောက်သားအထက်တန်းရောက်တဲ့အထိညီအစ်ကိုလို တစ်ယောက်အပေါ်တစ်ယောက်ယုံကြည်လာခဲ့ကြတယ် Marcoရဲ့အကိုဖြစ်သူSwitcherကPackhemလူငယ်ဂိုဏ်းခေါင်းဆောင်ဖြစ်ပြီး Timmyကိုရန်သူတော်ဂိုဏ်းဖြစ်တဲ့ Guettoရှိတဲ့တဝိုက်မှာနေတဲ့အတွက်သိပ်သဘောမတွေ့ တစ်ရက်မှာတော့ Switcherက Guettoဂိုဏ်းကGalisကိုပစ်သတ်ခဲ့ပြီးနောက် ဂိုဏ်းနှစ်ဂိုဏ်းကြားကအခြေအတင်ဖြစ်လာပြီး Guettoဂိုဏ်းဝင်ဖြစ်နေတဲ့Timmyရဲ့ငယ်သူငယ်ချင်းKironမှာ Marcoကိုထိုးကျိတ်သွားခဲ့တယ် MarcoကTimmyကိုKironအကြောင်းမေးရင်း အထင်လွဲကာ အချစ်ဆုံးသူငယ်ချင်းကနေရန်ဘက်လုံးလုံးဖြစ်သွားတဲ့အခါမှာတော့ သူတို့သင့်မြတ်ဖို့အခွင့်အရေး...

Misbehaviour (2020)

Image
Misbehaviour (2020) အလှမယ် အကြောင်းစိတ်၀င်စားတဲ့သူတွေအတွက် သတင်းကောင်းပါ။ ဒီကားဟာဆိုရင် 1969,1970 ခုနှစ်တုန်းက Miss World ရဲ့ ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ ထူးခြားတာကတော့ အဲ့ဒီခေတ်ရဲ့ Miss World ကိုကြည့်ရှုကြတဲ့နှုန်းဟာဆိုရင် World Cup ကို ကြည့်တဲ့နှုန်းထက်များပါတယ်တဲ့။ ဒါဟာ Miss World ရဲ့ အောင်မြင်မှုတစ်ခုလို့ ပြောလို့ရပါတယ်။ အလှမယ်လောက အကြောင်းကို documentary အနေနဲ့ ရိုက်ပြတာမျိုးမဟုတ်ပဲ ဇာတ်လမ်းအနေနဲ့ မြင်တွေ့ရမှာပါ ။ ပြီးတော့ အလှမယ်အကြောင်းအပြင် အဲ့ခေတ်က လူဖြူလူမည်း ခွဲခြားဆက်ဆံခ့ရတဲ့ လူမည်း အလှမယ်တွေကိုလည်း သနားစဖွယ်မြင်တွေ့ရမှာပါ။ ဒါ့အပြင် အမျိုးသမီးအခွင့်အရေးအတွက် လှုပ်ရှားနေကြတဲ့ အမျိုးတစ်စုကလည်း သူတို့ရဲ့ ဆန္ဒကို ဖော်ထုတ်နေကြတဲ့အချိန်ကာလလည်း ဖြစ်ပါတယ်။ လူဖြူလူမည်း ခွဲခြားရေးဝါဒအောက်မှာ လူမည်းအလှမယ်တွေအနေနဲ့ နေရာကောရပါ့မလား၊ အမျိုးသမီးအခွင့်အရေးလိုချင်တဲ့သူတွေကကော အပြည့်အ၀ ရသွားကြမလားဆိုတာကိုတော့ စိတ်၀င်စားစရာပါပဲ အလှမယ်လောကနဲ့ ရင်းနှီးကျွမ်း၀င်တဲ့သူဆိုရင်တော့ အဖြေကို အနည်းငယ် ရိပ်မိမယ်ထင်ပါတယ်။ Credit Review Link (1) 300 MB -  Download Link (2) 300...

A Day (2017)

Image
A Day (2017) နိုးထလာတိုင်းနောက်နေ့မရောက်ပဲ ဒီနေ့ပဲပြန်ဖြစ်နေမယ်ဆိုတာ တော်တော်ကြောက်ဖို့ကောင်းတဲ့ကိစ္စမဟုတ်ဘူးလား? အထူးသဖြင့်ကိုယ်ချစ်တဲ့သူသေဆုံးသွားတဲ့ မြင်ကွင်းကိုအခေါက်ပေါင်းများစွာမြင်ရမယ်ဆို ငရဲနဲ့မခြားပါဘူး ဒါဟာကိုယ်ချစ်ရတဲ့သူကိုကယ်တင်ဖို့ ပေးထားတဲ့အခွင့်အရေးဆိုရင် လက်လွှတ်ခံပါ့မလား… ဒေါက်တာကင်ဂျန်ယောင်းမှာ UNအဖွဲ့အစည်းနဲ့လက်တွဲပြီး စစ်ဘေးသင့်ဒေသများကိုသွားပြီး ကုသပေးနေတဲ့ကမ္ဘာသိဆရာဝန်တစ်ယောက်ပါ အလုပ်တွေကြောင့် တစ်ဦးတည်းသောသမီးလေးအွန်ဂျောင်းရဲ့မွေးနေ့ကိုလွတ်သွားတဲ့အပြင် အတူမနေနိုင်တဲ့အတွက်ကြောင့် သမီးရဲ့ငြိုငြင်ခံနေရတဲ့ဖခင်တစ်ယောက်ဆိုလဲမမှားပါဘူး နိုင်ငံခြားခရီးစဉ်ကနေ ပြန်လာချိန်မှာ သမီးလေးနဲ့တွေ့ဖို့သွားရင်း သူ့ရှေ့မှာတင်တက္ကစီနဲ့အက်ဆီးဒင့်ဖြစ်ပြီး အွန်ဂျောင်းဆုံးသွားပါတယ် မမျှော်လင့်ထားတဲ့အခြေအနေကြောင့် ဆွံ့အသွားတဲ့အချိန်မှာ လေယာဉ်ပေါ်ပြန်ရောက်နေပြီး ဖြစ်ပြီးတဲ့အရာအားလုံးဟာ ပြန်ဖြစ်လာတဲ့နောက် သမီးလေးကိုကယ်တင်ဖို့ကြိုးစားရင်းမအောင်မြင်တဲ့အခါတိုင်း ဒီနေ့အတိုင်းပဲပြန်ဖြစ်နေပါတယ် စိတ်ပျက်စွာနဲ့နည်းလမ်းရှာမရတဲ့အချိန်မှာ ဇနီးဖြစ်သူမီဂျောင်း အက်ဆီးဒင့်ဖြစ်တဲ့တက္ကစီကားထ...

The Outsider (2020)

Image
Season 1 Link Download : Episode 1 -  Download Episode 2 -  Download Episode 3 -  Download Episode 4 -  Download Episode 5 -  Download Episode 6 -  Download Episode 7 -  Download Episode 8 -  Download Episode 9 -  Download Episode 10 -  Download

Adiós (2019)

Image
Bye (2019) ======================= ဒီတစ်ခေါက် မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ Adiós ဆိုတဲ့ Spain ဇာတ်ကားလေးပါ။ ထောင်ကျနေတဲ့ Juan ဟာ ပိတ်ရက်တိုင်းမှာ ထောင်အပြင်ကိုလွတ်လွတ်လပ်လပ် ထွက်ခွင့်ရတိုင်း အပြင်မှာရှိတဲ့ သူ့ဇနီးနဲ့ သူ့သမီးလေးနဲ့အတူ ပျော်ပျော်ရွှင်ရွှင်နေလေ့ရှိပါတယ်။ ဒါပေမယ့် သူ့သမီးရဲ့ ချီးမြှောက်ပွဲရှိလို့ သူအပြင်ထွက်တဲ့ အပတ်မှာ မထင်မှတ်ထားတာတွေဖြစ်သွားပြီး သမီးလေး သေဆုံးသွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူတို့ accident ဖြစ်တဲ့နားမှာ လုယက်မှုတစ်ခုဖြစ်ပြီး အသတ်ခံရမှုလည်းရှိနေပါတယ်။ Juan နဲ့အတူ ရဲတွေဟာ ဒီအမှုရဲ့တရားခံကိုရှာဖွေတုန်း ရုတ်တရက်ကြီး အမှုပိတ်သွားတဲ့အခါ…. မထင်မှတ်ထားတဲ့သူတွေက ပါဝင်ပက်သတ်နေကြောင်း အမှတ်မထင် သိရှိသွားတဲ့အခါ… သမီးလေးသေဆုံးမှုအတွက် ယူကြံးမရဖြစ်နေတဲ့ Juan တစ်ယောက် ဘယ်လိုဆက်လုပ်မလဲ? ဘယ်သူတွေက ဘယ်လိုဆက်စပ်နေတာလဲ? ဒီလိုစိတ်ဝင်စားစရာတွေအပြင် မိဘတွေရဲ့ သားသမီးတွေအပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာကိုပါ ကြည့်ရှုရမယ့် စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် … Credit Review Link (1) 338 MB -  Download Link (1) 902 MB -  Download

She Never Died (2020)

Image
She Never Died (2020) အခုဒီShe Never Diedဆိုတဲ့ဇာတ်ကားလေးထဲမှာတော့အဓိကသရုပ်ဆောင်၅ယောက်တည်းနဲ့တစ်ကားလုံးကိုတင်ဆက်သွားတာပါ။ လေစီဆိုတဲ့အမျိုးသမီးကဘယ်တော့မှမသေနိုင်တဲ့သူတစ်ယောက်ပါ။ တဲရန့်စ်နဲ့မဲရယ်ဒစ်တ်တို့ကလူကုန်ကူးပြီးတော့ရက်စက်တဲ့လုပ်ရပ်တွေကိုLiveလွှင့်ပြီးပိုက်ဆံယူတဲ့အလုပ်ကိုလုပ်ပါတယ်။ ရက်စက်တဲ့အလုပ်ဆိုတာလူတွေကိုမတရားနှိပ်စက်တာမျိုး၊တိရစ္ဆာန်တွေကိုသတ်ခိုင်းတာမျိုး၊သွေးထွက်သံယိုတွေလုပ်တာမျိုးပါ။ အဲလိုမြင်ကွင်းတွေကိုသဘောကျတဲ့လူတွေကLiveကိုကြည့်ပြီးတော့ပိုက်ဆံပေးကြတဲ့ငဘောပါပဲ။ လေစီကတစ်ခါတစ်ရံမှာအဲလိုမတရားသဖြင့်အနိုင်ကျင့်နေတဲ့ယောင်္ကျားတွေကိုတွေ့ရင်သတ်ပြီးတော့သူတို့ရဲ့လက်ချောင်းတွေကိုစားတယ်။ပြီးတော့လေစီကစကားသံတိုးတိုးတွေကိုကြားရင်စိတ်တွေရိုင်းလာပြီးမျက်စိရှေ့ကလူကိုသတ်ပစ်တယ်။ အဓိကကသူကရိုးတွင်းခြင်ဆီကိုစားချင်တာ။ လေစီကဇွန်ဘီလည်းမဟုတ်၊စက်ရုပ်လည်းမဟုတ်၊ဗမ်ပိုင်းယားလည်းမဟုတ်ပါဘူး။ အစကတော့သူလည်းလူဖြစ်မယ်ထင်တယ်။ သားလေးတစ်ယောက်ရှိတယ်တဲ့။ မတရားမှုတွေအတွက်ဘုရားသခင်ကဖန်ဆင်းလိုက်တဲ့သူတစ်ယောက်လို့ထင်တယ်။ လေစီကလက်စွပ်တွေဝတ်ထားတဲ့တဲရန့်စ်ကိုလိုက်ရှာနေတာပါ။ ဂေါ့ဒ်ဖရေးဆိုတဲ့စုံထောက်အဘိုးကြ...

Sorry We Missed You (2019)

Image
Sorry We Missed You (2019) =================================== ရစ်ကီ ဟာ ပစ္စည်းပို့တဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်သွားလျှောက်ခဲ့တယ်။ မြို့ထဲကိုပစ္စည်းတွေ လိုက်ပို့ဖို့ ကုန်ကားလိုတဲ့အတွက် သူ့မိန်းမ အဘီရဲ့ကားလေးကို ရောင်းပြီးဝယ်ခဲ့ရတယ်။ အဘီက သက်ကြီးရွယ်အို‌တွေကို ပြုစုစောင့်ရှောက်ပေးတဲ့အလုပ် လုပ်တယ်။ သူတို့မှာ ဆက်နဲ့လီဇာ ဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်။ ဆက် က အထက်တန်းကျောင်းသားဖြစ်ပြီးတော့ အမြဲတမ်း‌ကျောင်းလစ်ပြီး သူငယ်ချင်းတွေနဲ့ နံရံတွေပေါ်မှာ စပရေးနဲ့ပုံတွေဆွဲတာတွေကို လုပ်တယ်။ သူတို့မိသားစုဟာ အကြွေးတွေနစ်နေတဲ့အတွက် ရစ်ကီနဲ့အဘီ ဟာမနားမနေ အလုပ်လုပ်ကြရတယ်။ အလုပ်ပင်ပန်းတာကတစ်မျိုး သားဖြစ်သူ ဆက် ကလဲ မလိမ္မာတာနဲ့အမြဲ ပူဆွေးနေကြရတာပေါ့။ မိသားစုအတွက် ပင်ပင်ပန်းပန်းအလုပ်တွေ လုပ်နေတဲ့ရစ်ကီဟာ လမ်းမှားရောက်နေတဲ့သားကို အမြင်မှန်ရအောင် အမုန်းခံပြီး ဘယ်လိုတွေ ဆုံးမသွန်သင်ခဲ့လဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ မြင်တွေ့ရမှာဘဲဖြစ်ပါတယ်။ မိဘတွေက သားသမီးတွေအတွက်ဆို ဘယ်လိုအခက်အခဲမျိုးကိုမဆို အသက်နဲ့ရင်းပြီး ရင်ဆိုင်ဖြေရှင်းပေးတတ်တယ် ဆိုတာကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဘဲဖြစ်ပါတယ် …. Credit Review Link (...

Abe (2019)

Image
Abe (2019) ============================== ဒီတခါမှာတော့ IMDb rating 6.3 အထိရထားတဲ့ ကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါစေ။ ဒီကားလေးကတော့ အေဘီ လို့ခေါ်တဲ့ အသက် ၁၂ နှစ်အရွယ် ကောင်လေးကို အဓိကထားပြီး ရိုက်ကူးထားတဲ့ ကားကောင်းလေးပါပဲ။ သာမာန်ကြည့်လိုက်ရင်တော့ အေဘီဟာ အင်စတာဂရမ်မှာ ဟင်းချက်နည်းလေးတွေ တင်ပြီး ပေါ့ပေါ့ပါးပါးနေတတ်တဲ့ ကောင်လေးပေါ့။ တကယ်တော့ အေဘီဟာ မိဘတွေရဲ့ နှစ်ဖက်မိသားစုကြားမှာ လွန်ဆွဲပြီးနေနေရသူပါ။ တစ်ဖက်က အစ္စရေးက ဂျူးမိသားစုဖြစ်ပြီး တစ်ဖက်ကတော့ ပါကစ္စတန်က မွတ်စလင်မိသားစုပါ။ အဲ့လိုမတူညီတဲ့ မိသားစုနှစ်ခုကြားမှာ ကြီးပြင်းလာရတဲ့ အေဘီရဲ့ စိတ်ပင်ပန်းမှုဟာ တော်ရုံတော့ မဟုတ်ခဲ့ပါဘူး။ အမြဲတမ်း အတူတူဆုံလိုက်ပြီ၊ အတူတူ စုစားပြီဆိုတာနဲ့ အမြဲငြင်းခုံနေကြတာပါပဲ။ အဲ့လို ထမင်းဝိုင်းကို အဆင်ပြေအောင် လုပ်ချင်တာက အေဘီရဲ့ အိမ်မက်ပါ။ သူ ဝါသနာပါတဲ့ ချက်ပြုတ်တဲ့ အလုပ်နဲ့ မိသားစုကို ငြိမ်းချမ်းအောင် လုပ်မယ်လို့ စိတ်ကူးထားတာပါ။ မပြည့်စုံသေးတဲ့ သူ့ရဲ့ ပညာကို ဖြည့်ဆည်းဖို့ မတူတဲ့ ဟင်းတွေကို ပေါင်းစပ်ရာမှာ ကျွမ်းကျင်တဲ့ စားဖိုမှူးဆီမှာ ပညာသင်ယူဖို့ စတင်ပါတော့တယ်။ အေဘီရဲ့ အိမ်မက်တွေ ပြည့်မြောက်အောင်မြင်နိုင...

Papicha (2019)

Image
Papicha (2019) =========================== ၁၉၀၀ ပြည့်နှစ်တွေဟာ အယ်ဂျီးရီးယားလို နိုင်ငံမျိုးမှာ အမျိုးသမီးတွေအတွက်တော့ လမိုက်ညတွေလိုပါပဲ။ ဘာသာရေး အစွန်းရောက်တွေ၊ ပြည်တွင်းစစ်တွေကြားမှာ အမျိုးသမီးတွေဟာ အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်တွေ ဖြစ်လာပါတယ်။ လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့်၊ ပြောဆိုခွင့်၊စာသင်ကြားခွင့်၊ အလုပ်လုပ်ပိုင်ခွင့်တွေဟာ အမျိုးသမီးတွေနဲ့ မသက်ဆိုင်ဘူးလို့ သတ်မှတ်ထားကြတဲ့ အချိန်ကာလတွေပါပဲ။ အမျိုးသမီးတွေရဲ့ တာဝန်ဟာ အိမ်တွင်းပုန်း သန့်ရှင်းရေးလုပ် ကလေးမွေးပေးရင် ရပြီလို့ ယူဆကြတဲ့ အချိန်ပါ။ ဒီ Papicha ဆိုတဲ့ ကားလေးကတော့ အဲ့ဒီကာလမှာ ကြီးပြင်းလာတဲ့ အမျိုးသမီးလေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ။ ပြင်သစ်ကားလေးဖြစ်ပြီး ဆုတွေရထားတဲ့ ကားလေးပါ။ ဖြစ်ရပ်မှန်တွေပေါ်မှာ အခြေခံထားပါတယ်။ ဒါရိုက်တာကိုယ်တိုင် အမျိုးသမီးဖြစ်လို့ အဲ့ခေတ်က အမျိုးသမီးတွေရဲ့ ခံစားရချက်တွေကို တွေ့မြင်ခံစားရမှာပါ။ နီဂျီမာဟာ လွတ်လပ်တဲ့ အတွေးအခေါ်တွေနဲ့ ကြီးပြင်းလာတဲ့ အမျိုးသမီးတစ်ယောက်ပါ။ အမေနဲ့ အစ်မကိုယ်တိုင်က လွတ်လပ်စွာ တွေးခေါ်ခွင့် လုပ်ပိုင်ခွင့်တွေကို အားပေးကြတာပါ။ သူ့အိမ်မက်ကတော့ အမျိုးသမီးတွေဟာ လွတ်လပ်စွာ ဝ...

Weathering with You (2019)

Image
Weathering With You ( 2019 ) Other Name-(Japanese: 天気の子, Hepburn: Tenki no Ko, lit. “Child of Weather”) ========================== ကဲဗျာ Your Name ရဲ့ ရိုက်ကူးသူဖြစ်တဲ့ မာကိုတို နစ်ဆု ကိုယ်တိုင်ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဆန် အချစ်ဇာတ်လမ်းလေး ထပ်ပြီးတော့လာပြန်ပါပြီ။ ဇာတ်လမ်းလေးကတော့… အထက်တန်းကျောင်းသားလေးဖြစ်တဲ့ ဟိုဒါကာ မိုရီရှီမာ ဆိုတဲ့ကောင်လေးဟာ သူရဲ့မွေးရပ်မြေဖြစ်တဲ့ တောအရပ်ကလေးကနေ ထွက်ပြေးလာပြီးတော့ တိုကျိုမှာအလုပ်လုပ်မယ့် အစီအစဉ်နဲ့ရောက်လာပါတယ်… အဲဒီအချိန်မှာ တိုကျိုဟာ မိုးများဆက်တိုက်ရွာသွန်းနေပြီးတော့ အလုပ်အကိုင်များအတွက်ခက်ခဲနေတဲ့ အချိန်တစ်ခုဖြစ်နေပါတော့တယ်… သူဟာအလုပ်လိုက်ရှာနေရင်းနဲ့ ဟီနာ ဆိုတဲ့ မက်ဒိုနယ် မှာအလုပ်လုပ်တဲ့ကောင်မလေးဟာ သူ့ကို ညစာစားဖို့ မုန့်လေးတစ်ခု အလကားပေးလိုက်ပါတယ်… အဲဒီနောက်မှာ ဟိုဒါကာ ဟာ အလုပ်တစ်ခုမှာလုပ်ဖြစ်သွားပြီးတော့ သူဟာတိုကျိုမှာဆက်ပြီးတော့ နေထိုင်နေပါတော့တယ် ။ နောက်ပိုင်းမှာ တိုကျိုမြို့ကြီးရဲ့မိုးရွာသွန်းမှုဟာ သမရိုးကျ ရာသီဥတုပြောင်းလဲမှုကြောင့်မဟုတ်ပဲ အယူဝါဒတစ်ခုနဲ့ သက်ဆိုင်နေတယ်ဆိုပြီးတော့ အင်တာနက်မှာ သတင်းပြန့်ခဲ့ပါတယ်။ ထို့အပြင် မိုးပေါ်က ...

Arkansas (2020)

Image
Arksansas ( 2020 ) The Duel,Isn’t It Romantic,Killerman ထဲကမင်းသားဖြစ်တဲ့Liam Hemsworth နဲ့ The last movies stars ,Bad mom ထဲမှာ ပါဝင်သရုပ်ဆောင်တဲ့Clark Duke ပါဝင်သရုပ်ဆောင်တဲ့ကားလေးတစ်ကားကိုမိတ်ဆက်ပေးလိုက်ပါတယ်. ဇာတ်ကားလေးကမူးရစ်ဆေးနယ်ပယ်ပိုင်းကိုသေသေချာချာရှင်းလင်းထားပြီးတော့ ဇာတ်လမ်းလေးမှာအဆင့်ဆင့်မူးရစ်ဆေးရောင်းဝယ်မှု ကိုလည်း သေချာပြသထားပါသေးတယ်.. မူရစ်ရာဇာတစ်ယောက်အောင်မြင်မှုနဲ့ မူးရစ်ရာဇာတစ်ယောက်အနေနဲ့ ကြောက်ရွံ့သင့်တာတွေ မလုပ်သင့်တာတွေနဲ့ မူးရစ်ရာဇာတစ်ယောက်မှာလည်း ရဲ ဖမ်းခံရတာတင်မဟုတ်ပဲ သူ့လက်အောက်ကလူတွေကိုထိန်းသိမ်းရာမှာလည်း အခက်အခဲကြုံရမယ်ကိုပြသထားတာပါ.. ဇာတ်ကားလေးထဲမှာ …. ဖရော့ ဆိုသော မူးရစ်ရာဇာကြီးရဲ့အကြောင်းကိုပြသထားပြီးတော့ ဖရော့ရဲ့လုပ်ပုံတွေ လုပ်ထုံးတွေကို မြင်တွေ့ရမှာပါ ကိုင်းနဲ့ စဝင်းဆိုသော သူနှစ်ဦးမှာ ဖရော့ရဲ့ လက်အောက်မှာလုပ်ပေးနေတဲ့လက်ကားဖြန့်ပေးတဲ့သူတွေပါ သူတို့နှစ်ယောက်က အခြားမြို့မှာ မူးရစ်ဆေးဖြန့်တဲ့သူတွေဆီကို ပစ္စည်းပို့ပေးပြီးပိုက်ဆံကောက်တဲ့အလုပ်ပါ… အဲဒီလိုအချိန်မှာ သူတို့နှစ်ယောက်အမှားကြီးတစ်ခုလုပ်ပြီး အဲဒီအမှားကြီးကနေ နောက်ထပ်နောက်ထပ်အမှားတွေထပ်ပြီး...

Mr. Zoo: The Missing VIP (2020)

Image
ဒီဇာတ်ကားလေးကတော့ ၂၀၂၀ ဇန်နဝါရီလောက်က ထွက်ရှိထားတာပါ  အမျိုးအစားကတော့Drama/Comedy ဖြစ်ပြီး IMDB က 10/6.1ရထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။  ဇာတ်လမ်းအကျဉ်းလေးကတော့ လူနဲ့တိရိစ္ဆာန်တွေကြားကအပြန်အလှန်ချစ်ခြင်းမေတ္တာနဲ့ဂရုဏာတရားကိုဖော်ကျူးပေးထားပြီ:  တိရိစ္ဆာန်တွေရဲ့ခံစားချက်ကို ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ဟာသကားကောင်းလေးတစ်ကားပါ။  လျှို့ဝှက်အေးဂျင့်တယောက်ဖြစ်တဲ့ဂျူထယ်ဂျူက တိရိစ္ဆာန်တွေဆိုအရမ်းမုန်းတဲ့သူပပေါ့။  သူနဲ့ဆန့်ကျင်ဖက်သူ့သမီးလေးဆိုယောင်းကတော့တိရိစ္ဆာန်တွေကိုအရမ်းချစ်တတ်တဲ့အပြင် တိရိစ္ဆာန်ဆေးကုဆရာဝန်ဖြစ်ချင်နေတဲ့ကလေးမလေးပါ။  တစ်နေ့သူ့သမီးလေးကကြောင်တစ်ကောင် သခင်ပျောက်နေတာကို ကယ်တင်ဖို့ အဖေဖြစ်သူဂျူထယ်ဂျူကိုသခင်ရှာပေးဖို့အကူအညီတောင်းလိုက်ပါတယ်။  တိရိစ္ဆာန်မုန်းသူကြီး ဂျူထယ်ဂျူဆိုသည်မှာလည်း အဲ့ကြောင်ကို သူလက်ထဲထည့်တာနဲ့ အမှိုက်ပုံးထဲပစ်ထည့်လိုက်တယ်။  အဲ့အချိန်ကစပြီးသူဘဝကအပြောင်းလဲကြီးပြောင်းလဲသွားခဲ့ပါတယ်။  တိရိစ္ဆာန်တွေကို ဂရုမစိုက်လို့ဒဏ်ခတ်ခံလိုက်ရတယ်တဲ့။အဲ့ဒီပြစ်ဒဏ်ကတော့အဲ့အချိန်ကစပြီးသူတိရိစ္ဆာန်စကားကိုနားလည်သွားတာပါ။  တိရိစ္ဆာန်တွ...

Fantasy Island (2020)

Image
စိတ်ကူးယဉ် ဟော်ရာ ရုပ်ရှင်ကားသစ်တစ်ကား တင်ပေးလိုက်ပါပြီ။ Rating နည်းပေမယ့် အတော်ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်နေတာ အံ့သြစရာပါပဲ။ ဒီရုပ်ရှင်ကတော့ ၁၉၇၇ လောက်က နာမည်ကျော်ခဲ့တဲ့ Fantasy Island ဆိုတဲ့ စီးရီးရဲ့ Prequel ဇာတ်လမ်းအနေနဲ့ ရေးသားရိုက်ကူးထားခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဇာတ်လမ်းနာမည်အတိုင်းပဲ ကျွန်းကြီးတစ်ကြီးရှိပါတယ်။ အဲဒီကျွန်းရဲ့ ပိုင်ရှင် မစ္စတာ ရို့ခ် ဟာ ကျွန်းပေါ်ကို ရောက်လာသမျှ  လူတိုင်းရဲ့ စိတ်ကူးယဉ်အိပ်မက် (သို့မဟုတ်) အလိုချင်ဆုံး ဆန္ဒ တစ်ခုစီကို ပြည့်စေရမယ် ကြေညာခဲ့ပါတယ်။ အဲဒီကျွန်းပေါ်ကို ဖိတ်ခေါ်ခံရတဲ့ ကံထူးရှင်တွေကတော့ သူတို့လိုချင်တာတွေကို  ဘယ်လိုဖြည့်ပေးမလဲဆိုပြီး သိချင်စိတ်တွေ၊ မျှော်လင့်ချက်တွေနဲ့ ရောက်လာကြတာပါပဲ။ သူတို့ထင်တာတော့ ကစားနည်းလေးတွေ၊ ဆင်ဆင်တူ နေရာလေးတွေ၊ ပုံရိပ်ယောင်ပြစက်လေးတွေနဲ့ လုပ်ပေးမယ် ထင်ခဲ့တာပါ။  ဒါပေမယ့် တကယ်တမ်းကျွန်းပေါ်ကို ရောက်လာတဲ့အခါ မဖြစ်နိုင်တဲ့ ဆန္ဒတွေကအစ အားလုံးသော ဆန္ဒတွေကို ဖြည့်ပေးနိုင်စွမ်းရှိတာကိုတွေ့ရပြီး ထီပေါက်သလိုကို ပျော်ကြရပါတော့တယ်။ ပြီးတော့ အဲဒီကျွန်းဟာ သူတို့တောင်းဆိုတဲ့ဆန္ဒထက် တကယ့် အတွင်းစိ...

Spirit: The Beginning of Fear (2020)

Image
ဒီဇာတ်ကားကတော့ ၂၀၂၀ ဖေဖော်ဝါရီကလောလောလတ်လတ်ထွက်ရှိထားတဲ့ Horror ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အကျိုးဆောင်ကုမ္ပဏီတစ်ခုရဲ့သူဠေးဖြစ်သူ ပတ်မန်းဂီဆိုတဲ့သူကသူ့ဖောက်သည်ဖြစ်သူ အိမ်တစ်အိမ်ကိုဝယ်ဖို့စပ်ပေးပါတယ်။  အဲ့အိမ်ကထူးခြားတာက ဈေးတော်တော်တန်နေတာပါ။ဈေးတန်ရင်တစ်ခုခု အပြစ်အနာအဆာရှိတတ်တယ်ဆိုတဲ့ ထုံးစံအတိုင်းအဲ့ဒီအိမ်ကြီးကသရဲခြောက်တယ်လို့နာမည်ကြီးနေတာပါ။ နောက်ထပ်ထူးဆန်းတာကသူဠေးပတ်ကအဲ့အိမ်ကသရဲခြောက်မှန်းအိမ်ပျက်ကြီးမှန်းသိသိနဲ့ကိုတမင်ရောင်းလိုက်တာပါ။  ဒါကိုဝယ်ဖို့သွားတဲ့သူလည်း အဲ့အိမ်ကြီးကအိမ်ရှင်ဆီမှာ အရောင်းအဝယ်စာချုပ်လက်မှတ်ထိုးခိုင်းဖို့သွားရင်းရုတ်တရက်ပျောက်ဆုံးသွားပြန်တယ်။  သူ့မိန်းမဖြစ်ကလည်းယောကျာ်းပျောက်သွားတော့ရဲတွေကိုအကြောင်းကြားပြီးရှာဖို့ကြိုးစားပါတော့တယ်။  ဒီအမှုကိုကြိုးစားလိုက်နေတဲ့စုံထောက်ချွဲကဒီပျောက်ဆုံးမှုဟာလွန်ခဲ့နှစ်ပေါင်း ၃၀ လောက်ဖြစ်ခဲ့တဲ့ လူသတ်မှုတွေနဲ့ပါ  ပတ်သက်ဆက်နွယ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါအမှုကိုကြိုးစားဖော်ထုတ်ဖို့လုပ်ပါတော့တယ်။  နောက်တော့သူဠေးပတ်နဲ့ သူယောကျာ်းပျောက်သွားတဲ့အမှုကြားမှာထူးဆန်းတာတွေက တစ်စပြီးတစ်စဖြစ်လာပါတယ်။...

Kalashnikov (2020)

Image
ကမ္ဘာပေါ်မှာ လူတွေရဲ့အသက်ကို အများဆုံးချွေခဲ့တဲ့ သေနတ်ကို ပြောပါဆိုရင်  အေကေ-ဖော်တီဆဲဗန်း (AK-47) မောင်းပြန်ရိုင်ဖယ်ကိုပဲ ပြောရမှာပါပဲ။  အဲဒီလက်နက်ဟာ လက်နက်ငယ်လောကကို တစ်ခေတ်ဆန်းစေခဲ့ပြီး ကမ္ဘာအနှံ့မှာ အသုံးပြုတာခံခဲ့ရသလို  လက်နက်ငယ်ပေါင်းများစွာဟာလည်း ဒီသေနတ်ကို အခြေခံပြီး တီထွင်ခဲ့ရတာပါ။ ဒီသေနတ်ကို official အနေနဲ့ ကာလရှညိကော့ဖ် ရိုင်ဖယ်လို့ ခေါ်ပါတယ်။  ဘာကြောင့်လဲဆိုတော့ ရုရှားရဲ့ လက်နက်တီထွင်သူ ဉာဏ်ကြီးရှင် မီခေး ကာလရှညိကော့ဖ် ဆိုသူက တီထွင်ခဲ့လို့ပါပဲ။  ကာလရှညိကော့ဖ်ဟာ အတန်းပညာ ဆုံးခန်းမတိုင်ခဲ့သလို တပ်ကြပ်အဆင့်နဲ့ တီထွင်သူဖြစ်လာခဲ့တာပါ။ ဒီသေနတ်ကို မတီထွင်ခင်မှာ ဒုတိယကမ္ဘာစစ်ရှေ့တန်းစစ်မျက်နှာမှာ တင့်တပ်သားအနေနဲ့ အကြီးအကျယ် တိုက်ပွဲဝင်ခဲ့ဖူးတဲ့သူ ဖြစ်ပါတယ်။  အဲဒီတုန်းက ဆိုဗီယက်တပ်တွေနဲ့ ဂျာမန်တပ်တွေ ဘတပြန် ကျားတပြန် တိုက်ခိုက်နေကြချိန်မှာ  ဆိုဗီယက်တွေရဲ့ ရိုင်ဖယ်ဟာ ဂျာမန်တွေရဲ့ Sturmgewehr 44 rifle တွေကို မယှဉ်နိုင်ဘဲ အတော်အထိနာကြတဲ့ အခြေအနေမှာ ရှိပါတယ်။  ဆိုဗီယက်ဘက်မှာလည်း လက်နက်တွေကို ဆက်တိုက်စမ်းသပ်ထုတ်လုပ်နေပေမယ့် လက်နက်တစ်ခေတ်ဆန်းသွ...

Extraction (2020)

Image
သောရ် မင်းသားကြီး ခရစ် ဟမ်းဆွာ့ ရဲ့ အက်ရှင်ကား အသစ်ရပါပြီ။  ထင်ထားတာထက် ကောင်းပါတယ် ခရစ်စ်ဟာ  အနီးကပ် တိုက်ခိုက်ခန်းတွေ သေနတ်ပစ်ခန်းတွေ ဒီလောက်ထိ  ကြမ်းပြနိုင်တာ အားရစရာပါပဲ။  Combat ခန်းတွေ အရမ်းကြမ်းပါတယ်။  ကြည့်ရတာ အားရကြမှာပါ။ ဇာတ်လမ်းအကျဉ်း တိုင်လာ ဟာ စစ်ပြန်ကြေးစားစစ်သား ဖြစ်ပြီး  အိန္ဒိယက ဘိန်းဘုရင်တစ်ယောက်ရဲ့ ကလေးကို  ကယ်ထုတ်ပေးရမယ့် အလုပ်ကို လက်ခံလိုက်ပါတယ်။  အဲဒီကလေးကို ဖမ်းထားတဲ့သူကလည်း  ပြိုင်ဘက် ဘိန်းဘုရင် ဂန်းစတား ဖြစ်နေပြီး တိုင်လာနဲ့  ကလေးကို ရဲတွေအကူအညီနဲ့ တစ်မြို့လုံးပိတ်ဆို့ပြီး ဖမ်းဖို့  ကြိုးစားပါတော့တယ်။  ဒီကလေးကို မြို့ကနေ မရမက ကယ်ထုတ်ဖို့  တစ်မြို့လုံးနဲ့ တစ်ယောက် တိုက်ခိုက်ပြီး ကြိုးစားရပါတော့တယ်။  Credit Review Link (1) 400 MB - DOWNLAOD Link (2) 845 MB -  DOWNLOAD Link (3) 845 MB - DOWNLOAD Link (4) 845 MB - DOWNLOAD

Priest (2018) Complete

Image
Oh Soo Min(Yeon Woo Jin) ဟာ ငယ်ရွယ်တဲ့ ဘုန်းတော်ကြီး ဖြစ်ပါတယ်။ သူဟာ 634 Regia ရဲ့ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ပြီး သရဲနှင်ခြင်းကို တရားမဝင် လုပ်ပေးနေတာ ဖြစ်ပါတယ်။ အရင်တုန်းက သူ့အမေဟာမကောင်းဆိုးဝါးဝင်ပူးခံခဲ့ရပြီး သရဲနှင် ဖို့မလုပ်ခဲ့ရပဲနဲ့ သေဆုံးသွားခဲ့ရပါတယ် ။ သူဟာ ဖာသာ Moon Ki Sun( Park Young Woo) ဆီမှာ သရဲနှင်ဖို့ သင်ယူခဲ့ပါတယ်။ ဖာသာMoon Ki Sunဟာလည်း 643 Riga အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။  အဲ့ဒီနောက်မှာ Ham Eun Ho ဟာ သူ့ရဲ့ မိဘနှစ်ပါးနဲ့ မတော်တဆ ကားတိုက်မှု ဖြစ်သွားပြီးနောက်ပိုင်း ဆရာဝန်ဖြစ်လာခဲ့ပါတယ်။ Ham Eun Ho ဟာ ဘုရားကို အယုံအကြည်မရှိတဲ့ ဆရာဝန်တစ်ယောက်ပါ။ Oh Soo Man နဲ့တွေ့ပြီး သဘာလွန်ဖြစ်ရပ်တွေနဲ့ တွေ့ရတဲ့ အခါ… သူ့ဘဝ ခံယူချက်တွေ ဘယ်လိုပြောင်းလဲသွားမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ပါဦးနော်… Credit Review  Link (1) 601.51 MB -  DOWNLOAD   Link (2) 599.85 MB -  DOWNLOAD Link (3) 597.83 MB -  DOWNLOAD   Link (4) 599.85 MB -  DOWNLOAD Link (5) 598.60 MB -  DOWNLOAD   Link (6) 616.12 MB -  DOWNLOAD Link (7) 613.9...

Beowulf (2007)

Image
သူရဲကောင်းတို့ ခေတ်ကောင်းချိန်… Beowulf လို့ ခေါ်တဲ့ သူရဲကောင်းရဲ့ နာမည် ထွန်းထွန်းတောက်နေချိန်… တစ်ချိန်တည်းမှာပဲ ဘုရင် Hrothgar ရဲ့ တိုင်းပြည်မှာ မိစ္ဆာဆိုး တစ်ကောင်မွှေလို့ တစ်တိုင်းပြည်လုံး အစည်းပြေ မီးသေနေတဲ့ အချိန်… ကြံရာမရတဲ့ အဆုံး ဘုရင်ခမျာ Beowulf ကို ရှေ့တော်တင်သွင်းပြီး မိစ္ဆာကို တိုက်ထုတ်ခိုင်းရတော့တယ်… အောင်အောင်မြင်မြင်နဲ့ တိုက်ထုတ်ပြီးနောက် ဒီအောင်မြင်မှုဟာ ဒီ့ထက်ပိုကြီးမားတဲ့ အမျက်ဒေါသနဲ့ လက်စားချေမှုကြီးတစ်ခုဆီကို ဦးတည်သွားတော့တယ်… မိစ္ဆာရဲ့ မိခင်ပါပဲ… ဆွဲဆောင်မှုရှိလွန်းခြင်းရဲ့ နောက်ကွယ်မှ တစ်ဆက်တည်းဆိုသလို ပျက်ဆီးခြင်းတရားတွေပါ ပါလာတဲ့ မကောင်းဆိုးဝါးမပေါ့… သူမဟာ Beowulf အတွက် အနိစ္စတရားလေလား… IMDB – 6.2/10, RT – 71% Back to the Future နဲ့ Forrest Gumps တို့ရဲ့ ဒါရိုက်တာဖြစ်ပြီး Visual ရိုက်ချက်တွေကို ကျွမ်းကျင်လွန်းတဲ့ Robert Zemeckis ရဲ့ လက်ရာဖြစ်ပါတယ်။ ဒါရိုက်တာတင် နာမည်ကျော်မဟုတ်ပဲ ပါဝင်တဲ့ Cast တွေထဲမှာ Antony Hopkins, Angelina Jolie တို့လို ဒိတ်ဒိတ်ကြဲ Cast တွေ ပါပါသေးတယ်။ ရှေးဟောင်းအင်္ဂလိပ် ကဗျာရှည်ကြီး တစ်ပုဒ်ဖြစ်တဲ့ Beowulf ကို အမျိုးမျိုး ပုံသွင်းခဲ့ကြတ...

Public Enemies (2009)

Image
Public Enemies (2009) ဇာတ်ကားဟာ 1993 ခုနှစ်က နာမည်ကျော် ဘဏ်ဓားပြတစ်ဦးဖြစ်တဲ့John Dillinger အကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။မင်းသားကြီး Johnny Depp အဓိကပါဝင်ရိုက်ကူးထားပြီးစိတ်ဝင်စားဖွယ်ကောင်းသော အက်ရှင် Crime ရုပ်ရှင်အမျိုးအစားဖြစ်ပြီး IMDB rating 7.0 ရရှိထားသော ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။  Credit Review  Link (1) 659.52 MB - DOWNLOAD Link (2) 1. 60 GB    - DOWNLOAD

Legend (2015)

Image
2015 ထွက်ရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.ဒီဇာတ်ကားဟာ IMDb Rate လည်း 7.0 ရရှိထားတာကိုတွေ့ရမှာဖြစ်ပါတယ်…Brian Helgeland ရိုက်ကူးတင်ဆက်ပြီး ရိုက်ကူးပြီးရုံတင်တဲ့အခါမှာလည်း USD 41.6 Million ပြန်လည်ရရှိခဲ့ပါတယ် ဇာတ်ကားအမျိုးအစားကတော့ Biography , Drama , Crime အမျိုးအစားဖြစ်ပါတယ် 1960 ၀န်းကျင်ခေတ်ကိုအခြေခံထားပြီး ဒီဇာတ်ကားဟာ ဗြိတိသျှတို့ရဲ့ရာဇ၀တ်မှုသမိုင်းက အဆိုးဝါးဆုံး ညီအကိုနှစ်ယောက်အကြောင်းကိုရိုက်ကူးတင်ဆက်ထားပါတယ်… Credit Review  Link (1) Gdrive 615.58 MB - DOWNLOAD Liink (2) Gdrive   1. 50 MB - DOWNLOAD

The Bros (2017)

Image
လီဆော့ဘုန်းနဲ့ လီဂျူဘုန်းတို့ဟာ ကိုယ့်အတွက်ပဲ သိကြတဲ့ တဘို့တည်း သမားတွေပါ၊ လီဆော့ဘုန်းက သုတေသန ဌာနမှာ စာသင် အလုပ်လုပ်ပါတယ်၊ မြန်မာပြည်မှာ ရတနာတွေ လာရှာဖို့ဆိုပြီး စက်ပစ္စည်းတွေကို အကြွေးနဲ့ ဝယ်ယူထားသူပါ၊ ဖြစ်ချင်တော့ မြန်မာပြည်တွင်းစစ်ကြောင့် သူ့အကြံအစည်တွေလဲ ပျက်ကုန် ပြီး အကြွေးတပြုတ် တင်သွားပါတယ်။ တဖက်မှာလဲ လီဂျူဘုန်းက ဆောက်လုပ်ရေးကုမ္ပဏီမှာ အဝေးပြေးလမ်းဆောက်ဖိူ့ ကြိုးစားနေတာ တင်ပြမှု မှားလို့ဆိုပြီး အလုပ်ထုတ်ပြီး တရားစွဲခံရမလို ဖြစ်နေပါတယ်။ ဒီလို ဒုက္ခရောက်နေတုန်းကြီးမှာမှ သူတို့ အဖေက ရုတ်တရက်ဆုံးပါးသွားပါတယ်၊ စိတ်ညစ်ညစ်နဲ့ နှစ်ယောက်လုံး ဇာတိမြေကိူ ပြန်လာတဲ့ချိန် ကားပေါ်မှာ ရန်ဖြစ်ရင်း ယဉ်ကျေးမှု ဝန်ကြီးဌာနက ကောင်မလေး တယောက်ကို ဝင်တိုက်မိပါတယ်၊ အဲ့ဒီ ကောင်မလေးကို ပြန်ကူညီရင်း နဲ့ သူတိုမျိုးရိုးရဲ့ အကြီးမားဆုံးလျှိူ့ဝှက်ချက်တွေကို သိလိုက်ရတဲ့ အခါမှာတော့……. ကောင်မလေးကရော ဘယ်သူလဲ? ဒီ အိမ်ကြီးထဲမှာကော ရတနာတွေရှိနေမှာလား….ဒီ မိသားစုပိုင် နေရာမှာ အမြန်လမ်းဖောက်ဖို့ ကြိုးစားတာကကော အောင်မြင်သွားမှာလား…..ညီအစ်ကိုတွေရော ပြန်တည့်သွားမှာလား…..တကားလုံး ပေါ့ပေါ့ပါးပါးနဲ့ ဖီး ရင်းကြည့်ရပီးတော့...

Jolly LLB 2 (2017)

Image
၂၀၁၃ တုန်း က ထွက်ရှိခဲ့တဲ့ Jolly LLB ဆိုတဲ့ ဇာတ်ကားလေးရဲ့ အဆက်အဖြစ် ထွက်ရှိလာတာဖြစ်ပြီး အိန္ဒိယ နိုင်ငံရဲ့ ဥပဒေစနစ်ကို သရော်ပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဂျက်ဒစ်ရှ်ဝါမစ်ရှရာ (ခေါ်) ဂျော်လီဟာ တဲ့ထိုးပြောတတ်ပြီး ခက်ထန်ကြမ်းတမ်းသူ ဖြစ်ပေ မယ့်လည်း စာနာစိတ်ရှိတဲ့ ရှေ့ နေ တစ်ယောက် ဖြစ်ပါတယ်။ ဂျော်လီဟာ ဘဝကိုရုန်းကန်နေရ သူတစ်ယောက်ဖြစ်ပြီး သူ့စိတ်ကူး အိပ်မက်တွေ အကောင်အထည် ဖော်နိုင်ဖို့အတွက် ကန်ပါမြို့ကနေ နာဝက်ဘ်မြို့ကို ရွှေ့ပြောင်းခဲ့ပါတယ်။ငွေလေးကြေးလေးဝင်ဖို့အတွက် ဂျော်လီဟာ အသေးအမွှား အမှုတွေကအစ လိုက်ခဲ့ပြီး ဘဝကို သင့်တင့်လျောက်ပတ်အောင် နေနိုင်ဖို့ ကြိုးပမ်းခဲ့ရပါတယ်။ ဂျော်လီဟာ နှစ်အတော်ကြာကြာ တိုင်အောင် တရားရုံးစြင်္ကံလမ်းမှာပဲ အမှုလိုက်ဖို့ ကြိုးပမ်းနေရတဲ့ အခြေအနေကနေ ရှေ့နေရုံးခန်း ကနေ အမှုလိုက်ရတဲ့၊ အတောင် အလက်စုံတဲ့ ရှေ့နေတစ်ယောက် ဖြစ်လာဖို့ အခွင့်အရေးကို ရှာဖွေနေခဲ့ပါတယ်။တစ်ရက်မှာတော့ သူလိုချင်နေတဲ့ အခွင့်အလမ်းလေး အစ ပေါ်လာချိန်မှာတော့ ဂျော်လီဟာ အချိန်မဆိုင်းဘဲ အပြည့်အဝအ သုံးချခဲ့ပါတယ်။ အဲဒီအခါမှာ အကြင်နာတရားမရှိတဲ့ ဗဟိုတရား ရုံးရှေ့နေ မာသာနဲ့ အကြီးအကျယ် ထိပ်တိုက်တွေ့ပြီး ရင်ဆိုင် ရပါတေ...

Murder on the Orient Express (2017)

Image
စာရေးဆရာမ အဂါသာ ခရစ္စတီးရဲ့ ၁၉၃၄ တုန်းက နာမည်ကျော်ဝတ္ထုကို အခြေခံပြီး ဒါရိုက်တာကဲနက်ဘရာနက် က ရိုက်ကူးထားတာပါ။၁၉၃၄ ဆောင်းရာသီကာလ မြင်ကွင်းနဲ့အတူ နာမည်ကျော် ဘယ်လ်ဂျီယံစုံထောက် ဟာဂျူလီပွိုင်ရော့တ်ဟာ ဂျေရုဆလင်က ခိုးမှုတစ်ခုကို ဖော်ထုတ်ပြီးနောက် ခရီးသွားပြီးအပန်းဖြေဖို့ စီစဉ်ခဲ့ပါတယ်။အဲဒါနဲ့ အစ္စတန်ဘူလ်ကို သွားခဲ့ပြီးOrient Express ရထားကုမ္ပဏီ ဒါရိုက်တာ သူ့မိတ်ဆွေဘော့နဲ့ တွေ့ဆုံခဲ့ပါတယ်။လန်ဒန်ကနေ သံကြိုးစာရတဲ့အတွက် ပွိုင်ရော့တ်တစ် ယောက်ဘော့စီစဉ်ပေးတဲ့ရထား ခရီးစဉ်နဲ့ အရေးပေါ်အိမ်ပြန်ဖို့ ဖြစ်ခဲ့ပါတယ်။အဲဒီနောက်ပွိုင် ရော့တ်ကို ဆမ်မြူရယ်ရက်ချက် ဆိုတဲ့ အမေရိကန်သူဌေးတစ် ယောက်က သုံးရက်တာ ရထား ခရီးစဉ်အတွင်းမှာ သက်တော် စောင့်လုပ်ဖို့ကမ်းလှမ်းခဲ့ပါတယ်။အမည်မသိပါတီတစ်ခုရဲ့ အသက်အန္တရာယ်ခြိမ်းခြောက်စာပို့ခံရတဲ့ အတွက် ပွိုင်ရော့တ်ကိုငှားတာ ဖြစ်ပေမယ့် ပွိုင်ရော့တ်ကလက် မခံခဲ့ပါဘူး။နောက်တစ်နေ့ မနက်မှာ တော့ မစ္စတာဆမ်မြူရယ်ဟာ ဓားနဲ့အချက်ပေါင်းများစွာ အထိုး ခံရပြီး အသတ်ခံရတာကြောင့် ပွိုင်ရော့တ်ဟာဘော့နဲ့အတူ စုံစမ်းဖော်ထုတ်ဖို့လုပ်ခဲ့ပါတယ်။အခင်းဖြစ်တဲ့နေရာက သဲလွန်စတွေ၊ သက်သေတွေရဲ့ ထွက်ဆိုချက်အရ အမျိုးသားတစ် ယေ...

Arctic (2018)

Image
IMDb…7.2,,,,Rotten…89% ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲက ငါးတွေဖမ်းလိုက်အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် …. သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ…. တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်….. သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် .ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် ….. ယာဉ်မောင်းသေဆုံးသွားပြီး အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်…သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး…မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား.. .ဒီနေရာမှာပဲအသေခံမလား…ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား…သူတို့အသက်ရောရှင်နိုင်ကြပါ့မလား….ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး…. IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ကြည့်သင့်ပါကြောင်းသတင်းကောင...

Illang: The Wolf Brigade (2018)

Image
Link (1) 660.77 MB -  Download Link (2) 1.61 GB -  Download Link (3) 2.80 GB -  Download

Beyond White Space (2018)

Image
2132 ခုနှစ်​မှာတော့ လူသားတွေဟာ အစားအစာကို အာကာသထဲမှာပဲအဓိက ရှာဖွေကြပါတယ်​။ ကပ္ပတိန်​ရစ်​ချက်​ ဘန်​တလေဟာ ကိုယ်​ပိုင်​အာကာသယာဉ်​ အဖွဲ့သားတွေနဲ့ အာကာသထဲမှာ အမဲလိုက်​သူပါ။ ဒီတစ်​ကြိမ်​မှာတော့ သူတို့အဖွဲ့နဲ့အတူ အမ်​ဘာကော့ရဲ့ကိုယ်​ရံတော်​ လင်းနဗားရိုး လိုက်​ပါလာပါတယ်​။ အမှန်​တော့ လင်း ဟာလည်းအကြောင်းရှိတဲ့အတွက်​ ဟန်​ဆောင်​ပြီးလိုက်​လာခြင်းပါ။ တန်​လောင်​ ဆိုတဲ့တရုတ်​ဒဏ္ဍာရီလာ သတ္တဝါတစ်​ကောင်​ဟာ White Space ကိုစောင့်​ကြပ်​ပါတယ်​။ White Space ထဲဝင်​ချင်​ရင်​တော့ တန်​လောင်​ ကိုအရင်​ဖြတ်​ကျော်​ရမှာပါ။ ဖခင်​ဖြစ်​သူအတွက်​ကလဲ့စားခြေချင်​တဲ့ ကပ္ပတိန်​ရစ်​ချက်​ တစ်​ယောက်​ တန်​လောင်​ ကို လက်​စားခြေပြီး White Space ထဲရောက်​အောင်​ သွားနိုင်​မလား။ လင်း တစ်​ယောက်​ သူ့ရဲ့ကိုယ်​ပိုင်​မစ်​ရှင်​ကို ​အောင်​မြင်​အောင်​ထမ်းဆောင်​ နိုင်​မလား… ဆိုတာ စိတ်​ဝင်​စားစရာပါ။ 2018 အသစ်​စက်​စက်​ထွက်​ရှိထားတဲ့ ဒီဇာတ်​ကားဟာ အမေရိကန်​နာမည်​ကြီးဝတ္တုဖြစ်​တဲ့ Mobi Dick ကို inspire ယူထားတယ်​လို့ ဒီဇာတ်​ကားရဲ့ဒါရိုက်​တာကဆိုထားပါတယ်​။ ကြည့်​ရတာ တစ်​ကယ်​တန်​တဲ့ဇာတ်​ကားမို့ မလွတ်​တမ်းကြည့်​ရှု​စေချင်​ပါတယ်​ဗျာ… Credit Reivew Li...

Dark Figure of Crime (2018)

Image
Link (1) 520.41 MB :  Download Link (2) 1.27 GB      :  Download Link (3)  2.18 GB     :  Download  

The Pool (2018)

Image
The Pool ရုပ်ရှင်ကား ဟာ ၂၀၁၈ ခုနှစ်က မြန်မာပြည်မှာရုံတင်ခဲ့ပြီး လူကြိုက်အရမ်းများခဲ့တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်ထိုင်း ရုပ်ရှင်ကားဖြစ်ပြီး တစ်ကားလုံးကို လူအနည်းငယ်ဖြင့်သာသရုပ်ဆောင် ရိုက်ကူးထားပြီး ထိုင်ရာက မထစတမ်း ကြည့်ရှုစေနိုင်တဲ့တစ်ခုထဲသော အာရှရုပ်ရှင်ကား တစ်ကားဖြစ်ပါတယ် လူသူ ဝေးတဲ့ မြို့အစွန်က ရေကူးကန် အဟောင်းတစ်ခုအားရုပ်ရှင်ရိုက်ကူးရန် ငှားခဲ့ပြီးနောက် ထို ရေကူးကန်ထဲ မှာအစောင့်တစ်ယောက် ဘောကွင်းလေးနဲ့ အိပ်ပျော်နေခဲ့တယ်ပြီးတော့ လူတွေ မသိသေးတဲ့ အကောင်ကြီးတစ်ကောင် ကလည်းအသင့် အဲ့အောက်မှာ စောင့်နေခဲ့တယ်…ပြန်သွားတဲ့သူတွေက မေ့ပြီး ရေတွေ သွန်တဲ့ ခလုပ်ကို နှိပ်သွားပြီးအစောင့် ပြန်နိုးလာတဲ့အချိန်မှာ ရေတွေ ကုန်လုနီးပါးဖြစ်ပြီးရေကန်ပေါ်သို့ ပြန်မတက်နိုင်ခဲ့သော အခါမှာတော့ … Credit Review Link (1) 425.32 MB :  Download Link (2) 1.02 GB     :  Download Link (3) 4.84 GB     :  Download

Searching (2018)

Image
Searching (2018) Link (1) 475.33 MB :  Download Link (2) 1.11 GB       :  Download Link (3) 3.17 GB      :  Download

Isabelle (2018)

Image
Isabelle (2018) IMDb 4.5/10 Google users 78 % ဒါရိုက်တာ Robert Heydon ရိုက်ကူးထား၍ Donald Martin က ဇာတ်လမ်းဇာတ်ညွှန်းရေးသားကာ သရုပ်ဆောင် Amanda Crew, Adam Brody, Zoë Belkin တို့ ပါဝင်သရုပ်ဆောင်ထားသော Horror, Thriller ဇာတ်ကားကောင်း တစ်ကားဖြစ်တဲ့အတွက် ချစ်ခြင်းအားဖြင့် တင်ဆက်လိုက်ပါရစေ…လူငယ်စုံတွဲ လင်မယားနှစ်ဦးဟာ မိသားစု ပြိုကွဲတဲ့ အိပ်မက်တွေမက် အကြောက်လွန်ရောဂါဆွဲကပ်ရာမှာ သူတို့ တကယ့်ဘဝတွေထက် သူတို့ မလိုချင်တဲ့ မကောင်းဆုံးဝါးတစ်ကောင်ရှိနေတဲ့ကြားက ဘယ်လို ရုန်းကန်အသက်ရှင်အောင် လှုပ်ရှားသွားကြမလဲ သည်းထိတ်ရင်ဖို့ကြောက်လန့်စရာတွေ ဘယ်လိုတွေ့ရမလဲ ဇာတ်ကားမှာ ဆက်လက်ကြည့်ရှုခံစားကြည့်ကြပါခင်ဗျာ….. Credit Review Link (1) 378.26 MB :  Download Link (2) 941.01 MB :  Download Link (3) 1.74 GB      :  Download

Hotel Mumbai (2018)

Image
otel Mumbai      29 Mar 2019  Link (1) 571.84 MB - DOWNLOAD Link (1) 1. 39 GB    -  DOWNLOAD

Capernaum (2018)

Image
တရားရုံးတွင် အမှုတစ်ခုကိုစစ်ဆေးနေသည်…….တခြားအမှုများနှင့်မတူ …အတော်ထူးခြားသည်… အဘယ့်ကြောင့်ဆိုသော် တရားလိုက ၁၂နှစ်အရွယ် ထောင်ကျနေသည့်ကောင်လေးတစ်ယောက်ဖြစ်သည်…. တရားအစွဲခံရတဲ့သူတွေက ဒီကောင်လေးရဲ့ မိဘတွေပင်….ပြောရရင် သားက မိဘ (၂)ပါးကို တရားပြန်စွဲဆိုခြင်းဖြစ်သည်…. တရားသူကြီးက မိဘတွေဖြစ်တဲ့သူကိုမေးတယ်… “ခင်ဗျားတို့ တရားလိုဖြစ်တဲ့ဒီကောင်လေးကိုသိလား” “သိပါတယ် ကျွန်မတို့သား ဇိမ်းပါ ထောင်ကျနေတဲ့ ကျွန်မတို့သားပါ” ” ဘာဖြစ်လို့ ထောင်ကျတာလဲ သိလား” “သိပါတယ် သူက ကလေးဆန်ခဲ့ပြီးတော့ တခြားတစ်ယောက်ကိုဓါးနဲ့ထိုးခဲ့လို့ပါ အဲ့ဒီအချိန်တုန်းက ရုံးချိန်းမှာတောင် ကျွန်မတို့ လင်မယား(၂)ယောက်သက်သေပါခဲ့ပါသေးတယ် အခုက ဘာကိစ္စကျွန်မတို့ကိုတရားရုံးကိုခေါ်မှန်းနားမလည်ဘူးတရားသူကြီးမင်းရှင့်” အဲ့ဒီနောက် တရားသူကြီးက တရားလိုဖြစ်တဲ့ကောင်လေးကိုမေးတယ်…. “သားခု တရားရုံးကို ဘာလို့ရောက်နေတာလဲသိလား” “ဟုတ်ကဲ့သိပါတယ်.. ကျွန်တော်မိဘတွေကိုတရားစွဲချင်လို့ပါ” “မိဘတွေကို ဘာလို့တရားစွဲချင်ရတာလဲ” “ကျွန်တော့်ကိုမွေးဖွားခဲ့လို့ပါ” အသက်(၁၂)အရွယ်ကောင်းလေး ပြောရရင် လူမမယ်အရွယ်လေးလို့တောင်ဆိုရမည်ထင...